Professional Authors

ဂျော်ကြည်ဘဲ

     ဂျော်ကြည်ဘဲ

တစ်ချို့များ စပါးပင်နေလို့
တစ်ခေါင်းလုံးသာ ပြောင်သလင်းခါ
ရှည်လိုက်တဲ့ မုတ်ဆိတ်က
သန်းတွယ်မယ်ဆို တွယ်လောက်ရဲ့
သြော်. . .တစ်လွဲဆံပင်ကောင်းနေပုံများ၊

အခုလဲငါ့ဘ၀ တောက်တစ်ခပ်ခပ်နဲ့
ုကြားလို့မှကောင်းကြသေးရဲ့လား
အရပ်ကတို့(သူတို့) ရေလို့
ရင်ဘက်စည်တီး ဟစ်ကြွေးလိုက်ချင်ရဲ့
သြော်. . .တစ်လွဲဆံပင်ကောင်းနေပုံများ၊

အမြှီးပေါက်တဲ့အရွယ် မလွန်ခင်မှာ

ကျော်သွားသူ နောက်ကားများရယ်ကြောင့်.  .  .

ဂေါ်မိသူမိန်ကလေး ရပ်ကွပ်ပါပြောင်းကာပြေးလို့. . .
ဂေါ်မစွံ့ လူပျိုကြီးဘွဲ့ကိုရ၊

သရော်သူ ဘော်ဒါများကို
ငါလည်းလေ စွမ်းပါတယ်
လက်စွဲကာ ခေါ်ကာပြဖို့
တော်ကီတွေ အော်ကာကျင့်တယ်၊

မိန်းမမီးထွက် ယောက်ျားပုဇင်းတက်
ရှေးစာဆိုတွေရဲ့ စာချိုးလေးလို
သက္ကရဇ်တွေဖြိုချ စော်လေးတွေအရှေ့ငိုပြဖို့
တော်ကီတွေ အော်ကာကျင့်ခဲ့၊

ကြွေတစ်လှည့် ကြက်တစ်ခုန်
ရှေးကံအဟုန် စန်းထလို့ကြုံတော့
သွားလေရာအရပ်. . . နော့်ကိုလေ၊
အဟမ်း….အဟမ်း!… အနော့်ကိုလေ
စကားလိုက်ပြောသူကပြော…
ကားတင်ပြေးဖို့ ကြံသူကကြံ…
အပျော်ကြံချင် ကြံပါစေ သူတွေလည်း ထပ်…
ခက်တာက စော်မဟုတ် ဂျော်ဖြစ်နေတာ
သောက်ကောင်မတွေ အော်ထုတ်ရလည်းခက်
ကော်တုတ်ရလည်းရှက်နဲ့.  .  .၊

အမလေး. . . အမေရဲ့
အနော့်ကို ဘာများစားပြီးမွေးခဲ့လို့
စောမကြည်ဘဲ ဂျော်ကြည်ဘဲ ဖြစ်နေရတာလဲလို့
ှုငိုချင်းအရှည်ကြီးသာ ချလိုက်ချင်တော့။ ။ ။

နေ့သစ်
19.7.11
12.30 am to 4am

In: ကဗျာ Posted By: Date: Jul 25, 2011
Comment #1

ကဗျာတွေပြန်တင်တာတွေ့ရတော့ဝမ်းသာတယ်…..
ဆုတောင်းပေးလိုက်တယ်နော်……ကောင်မလေးတွေများများကြည်ပါစေ…….
😀

commentinfo By: May Kha at Jul 25, 2011
Comment #2

ဒါလေးက အနော့်ဘော်ဒါ တစ်ယောက်အကြောင်းပါ… သူ့ရဲ့ လက်တွေ့ အဖြစ်အပျက်တွေကို ဘော်ဘော်တွေဆုံ
တိုင်း ရင်ဖွင့်ပြတယ်…… ရီရမှာလို သနားရမှာလိုနဲ့ အနော့်ဘော်ဒါ လူပျိုကြီး အတွက် ခံစား ရေးဖွဲ့ထားတာပါ…..

ကားတင်ပြေးဖို့ ကြံသူကကြံ
အပျော်ကြံချင် ကြံပါစေ သူတွေလည်း ထပ်

အဲ့ဒီအပိုဒ်လေးက အပိုရေးတာမဟုတ်ပါဘူး တစ်ကယ်ကို ကားပေါ်ကနေ အတင်းဆင်းပြေးရတဲ့ အထိအောင်ပါ…..
မရိုသေ့စကား…… ဖ၀ါးနဲ့နာပါ။ တစ်ခါတည်းပါ ဆိုတဲ့သူတောင်ပါသေးတယ်တဲ့ ။ တစ်လွဲဆံပင်ကောင်းနေတဲ့ လူပျိုကြီးပေါ့…….ကျေးဇူးပါ မမေခရေ

commentinfo By: nate thit(နေ့သစ်) at Jul 25, 2011
Comment #3

အာ…….ကြားရတာအဆန်ူးနော်…………….

commentinfo By: May Kha at Jul 28, 2011
Comment #4

oh my god!

commentinfo By: စောရယ် at Jul 28, 2011
Comment #5

တစ်ချို့များ စပါးပင်နေလို့ = တစ်ချို့များ စပင်ပါးနေလို့
.
..
ဟုတ်တယ်ဗျ အမျိုးသားထုကြီးအတွက် ရင်ခုန်စရာတစ်မျိုးပဲ…..
ယောက်ျားလေးတွေက မိန်းကလေးတွေကို စကားလိုက်ပြောတုန်းက မိန်းကလေးတွေဘာလိုနေလည်းမသိပေမယ့်၊ ကိုယ်လည်းလိုက်အပြောခံရကော တုန်စရာရှိတာ အကုန်တုန်……ရင်တုန်တာကိုပြောတာပါ…
.
..
ရွှေဓူဝံ၊ ၀မ်ချိုင်း ၊လုံးချောတို့နဲ့ ယှဉ်သတ်ဖို့ ဝန်မလေးပေမယ့်
အချောက်တော့ ယောက်ျားလေးတော်တော်များကကြောက်ကြတယ်ဗျ

အားပေးတဲ့အတွက် အားလုံးကို ကျေးဇူတင်ပါတယ်
မရွှေငါး အခုတလော ငြိမ်နေတယ်နော်

commentinfo By: nate thit(နေ့သစ်) at Jul 28, 2011
Comment #6

ဟင်..ဒီကဗျာ ခုမှဖတ်ရတာပါ..ဘယ့်နှယ့် ……………….
ခေါင်းစဉ်လဲတမျိုးးး ကဗျာလဲတမျိုးးး
လူလဲတမျိုးးးးးးးးးးးးးး တမျိုးးးးတမျိုးးးးးးးးးးးးးး
(full stop အများကြီးချသလိုပဲ ဘာဆက်ရေးရမှန်းမသိလို့ :D)
အမှန်တိုင်းပြောရရင်တော့ ……………………………

commentinfo By: ရွှေငါး at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment