Professional Authors

ငါ​ပြေးမယ့်​လမ်း

မျက်​စိ​ရှေ့မြင်​သမျှ
အတိတ်​​တွေဖြစ်​သွားခဲ့ကြ
ငါက​တော့..
ဒဏ်​ရာဗရပွနဲ့ကျန်​​နေသူ…

နေပူလိုက်​မိုးရွာလိုက်
အကြိုက်​မညီ​တော့ပြန်​စလိုက်
တိုက်​ရင်းခိုက်​ရင်းနဲ့
ငြိမ်းချမ်း​ရေး​ဝေးခဲ့သူ…

သွေးပွက်​ပွက်​ဆူလို့
နေပူမှာ​ခြေပူခံပြီး​ပြေး
ခပ်​​ဝေး​ဝေး​ရောက်​​တော့မှ
တံလျှပ်​မှန်းရိပ်​မိသူ..

ထိတ်လန့်​​လို့​​​​အော်ဟစ်
အချစ်ကဘယ်မှာလဲ
ကယ်​ကြပါဦးဗျာ​ဆို​နေရင်း
ရေကြည်​လဲ​ရှာမရခဲ့သူ…

အချစ်​​ရေငါ​ကလေ…
ဘာမှလဲပြန်​မစချင်​ပါ
နင်​ကမှမလာချင်​​တော့တာ
ရင်​နာခြင်း​တွေကို​ကျောပိုးလို့
နင်​ဆိုးသမျှအံကြိတ်​ခံရင်း
နင်​မုန်းသမျှအပြုံးနဲ့ခံရင်း
ဘ၀ဆုံးတဲ့အထိ​ပြေးမယ့်​သူ……

In: ကဗျာ Posted By: Date: Jun 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment