Professional Authors

ကောင်မလေးရဲ့ပင်လယ်

အဲဒီကောင်မလေးမှာ
ပင်လယ်တစင်းရှိတယ်
ဒါပေမယ့် အဲဒီပင်လယ်မှာ
မွေးနေ့မပါဘူးတဲ့…

ကောင်မလေးရဲ့ပင်လယ်ဟာ
ရာဇ၀င်အဆက်ဆက်တည်းက
ပြတိုက်ထဲကငါးတွေကိုမုန်းတယ်တဲ့…
..
သူဘယ်အချိန်က
ကောင်မလေးရဲ့ပင်လယ်ဖြစ်ခဲ့တယ်
သူကိုယ်သူလဲ မသိဘူးလို့ဆိုတယ်
တခါတခါ
လဲလျောင်းနေရာက
ခေါင်းထောင်ထပြီး
ဒေါသတကြီး မီးတွေဟုန်းဟုန်းတောက်ပြတတ်တယ်…

ကောင်မလေးရဲ့ပင်လယ်ဟာ
ဝံပုလွေလာဆင်နဲ့ စကားပြောရင်း
ချစ်ခြင်းမုန်းခြင်းကျမ်းကိုလည်း
ဝေခွဲပိုင်းခြားခဲ့သေးတယ်…

ပင်လယ်ဟာ
သူ့အတွင်းဒဏ်ရာတွေကို တိတ်တိတ်လေး ကုသ
လက်ထဲက ကြင်နာခြင်းတွေကို
ထုတ်ထုတ်ပြတတ်တယ်…

အဲဒီကောင်မလေးရဲ့ပင်လယ်ဟာ
ရှေးဟောင်း သင်္ဘောများကျမ်းထဲက
နှလုံးသားအစကိုလည်း ရှာတွေ့ခဲ့ဖူးတယ်…

ကောင်မလေးရဲ့ပင်လယ်ဟာ
ေ၇အောက်ကြမ်းပြင်ပေါ်က
သဲမြေပေါ်ခြေဖွနင်း
အိပ်မပျော်တဲ့ညတွေကို
ကောင်မလေးအတွက် ဖန်ဆင်းပေးဘူးတယ်…
းး
ကောင်မလေးခမျာ
ပင်လယ်က လုပ်ပေးသမျှကို ငြိမ်သက်ရင်း
သတိရတဲ့ သီချင်းဆိုပေမယ့်
သူမရဲ့ပင်လယ်ကို တွေ့ခွင့်မရဘူးတဲ့…

ဒါပေမယ့် ပင်လယ်ဟာ
ကောင်မလေးအနားမှာ
ထာဝရ မနေနိုင်ပါဘူး
ကောင်မလေးအတွက်
ပန်းခူးထွက်ရင်း
သတိရခြင်းနဲ့ပဲ ကွယ်လွန်ခဲ့တယ်…

သူ ဆုံးတဲ့ရက် က
လေတွေကျပြီး
ရေညှိတွေခယ ငိုကြွေး
ကောင်မလေးတောင်သိခွင်မရလိုက်ဘူးတဲ့…

သူ့ ရုပ်အလောင်းဘေးမှာ
အပြာရောင်စင်ရော်တွေရံပြီး
ပုလဲတွေထိန်ထိန်ညီးညီးထွန်းညှိ
မုတ်ကောင်လေးတွေ ဂူမှာ
ဈာပနအခမ်းအနားပြီးဆုံးပါတယ်တဲ့…

သူ့မှတ်တိုင်မှာရေးထိုးတဲ့နာမည်က
ထာဝရ ဘာသာဗေဒကို ရည်စူးပါတယ်တဲ့
အဲ့ဒီ နာမည်ကိုတော့ ကောင်မလေးကိုမေးလိုက်ပါ
သူမရင်ဘတ်ထဲက
ပြတိုက်မှာ သူ ဘယ်လိုနေရာယူခဲ့သလဲဆိုတာကိုလေ……..

ဂလပ်စကိန်း၏ ကဗျာကို မီငြမ်းပါသည်….

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

ပက်ပက်စက်စက် တော်တယ်ဗျာ
မိုက်တယ်
တကယ်ပြောတာ
ကောင်မလေးဘယ်လိုနာမည်ပေးလဲ
သိချင်လိုက်တာဗျာ

commentinfo By: myboy at Jul 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment