Professional Authors

ချစ်သူလေး သိစေဖို့

ရာဇ၀င် သမိုင်းထဲက ထရိုင်ဂျန်မြင်းရုပ်
ငါ့ရင်ဘတ်မြို့ရိုးတံခါးဝကိုရောက်လာခဲ့
ဂျူးလိယက်ဆီဆာရဲ့ အရင်းနှီးဆုံးသွေးသောက်
ဘရူးတပ်က ငါ့ပုခုန်းကို ဖက်လိုက်တဲ့ အချိန်

မှော်ရုံတောမှာ မာယာဆန်တဲ့ ဓမ္ဘီသမင်မလေး
ငါ့မျက်ဝန်းကို ၀င်ရောက်လာခဲ့တဲ့အချိန်

မင်းက င့ါကိုသေစေအောင် လေးကြိုးညှို့
မြားတစ်စင်းကိုအားပြင်းပြင်းနဲ့
နှလုံးသားဖောက်ထွင်းအောင်
ပြင်ဆင်နေတဲ့အချိန်
ငါငိုနေခဲ့ပါရဲ့
မင်းလက်ဖ၀ါးနုနုလေးတွေ လေးကြိုးရှမှာ စိုးနေလို့ပေါ့ ။

ငါ့ရင်ခွဲမယ်လို့ အားမာန်အပြည့်နဲ့
ဓားဟန်မင်းဝင့်တဲ့အချိန်
ငါစိုးရိမ်နေခဲ့
မင်းလက်လေးတွေ နာကျင်မှာကို ။

ငါ့ကိုသေစေတော့လို့ အဆိပ်ဝိုင်တစ်ခွက်ကို
မင်းကမ်းပေးလိုက်တဲ့အချိန်
ငါကြောက်ရွံ့နေမိပါရဲ့
အဆိပ်ငွေ့လေးတွေ မင်းသင့်မှာကို ။

ချစ်သူလေးရယ်
င့ါကို မမြင်ချင် သေစေချင်တဲ့လား
အဆိပ်ခွက်တွေ လက်နက်တွေမလိုဘူးလေ
မင်းအမုန်းမျက်လုံးနဲ့
င့ါကိုတစ်ချက်လောက်သာကြည့်လိုက်ပါတော့လေ ။

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

ငါ့ကိုသေစေတော့လို့ အဆိပ်ဝိုင်တစ်ခွက်ကို
မင်းကမ်းပေးလိုက်တဲ့အချိန်
ငါကြောက်ရွံ့နေမိပါရဲ့
အဆိပ်ငွေ့လေးတွေ မင်းသင့်မှာကို ။

Comment #2

ဒီအချိန်မှာ ကျတဲ့ မျက်လုံးဒဏ်ကို မခံနှိုင်ရင်..
နောင် … ရင်ဆိုင်ရမှာ …အများကြီး……….
အို…. မလွယ်ဘူး…ရူးနိုင်တယ်

commentinfo By: baby at Jul 22, 2011
Comment #3

အဲဒီလောက်တောင်ချစ်တာလား
ဂုဏ်ယူပါတယ်ဗျာ
ကဗျာထဲမှာလိုအပြင်မှာလဲချစ်နိုင်ပါစေ

commentinfo By: myboy at Jul 22, 2011
Comment #4

ohhhhhhhhhhh
lots of love.
so kind-hearted.
so generous.
really envious of ur love,,
i wish i could have one.

commentinfo By: ei lay at May 9, 2012
Comment #5

Hit to the heart deeply.

commentinfo By: ei lay at Nov 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment