Professional Authors

ကောင်းကင်ထဲက ဖီးနစ်ငှက်တစ်ကောင်

နဂါးမှန်းသိအောင်

အမောက်မထောင်

ကြောက်ချင်ဟန်ဆောင်ခဲ့တာ

အခြောက်တစ်ကောင်လို့ မင်းထင်

ဂေါက်အသွင်

ဖောက်အမြင်နဲ့

ဟောင်ချင်တဲ့စကားနဲ့ ရိုင်းပြ

မင်းသမိုင်းက နိမ့်လှပါဘိ ။

 

ဓမ္မမေတ္တာမပွား ၊ ဘ၀အပြစ်အနာများ

ဒေါသတွေ အငြိငြိ ၊ သောကတွေအရှိရှိ

လောကအဖြည့်သမားမဟုတ် ၊ လေဘအပြည့်စကားအလုပ်

အမှိက်အမှားအတိနဲ့ အမြိုက်တရားမရှိ

ဘာမှ မသိတာကို

ငါက က၀ိသာဆို လို့ မင်းအထင်တရား

မောက်မာဝင့်ကြွား ၊ မင်းစကားနဲ့

မင်းနှလုံးသားကို ၊ အမှတ်မထားမိ

ငါသနားလိုက်ပါ၏ ။

 

ငါ့ကိုပိပြားအောင်

ဖိထားလို့ မင်းနှိမ့်ချလည်း

နိမ့်မကျလို့ ရုန်းထကာ ပိုရင့်ကျက်

တစ်ဆင့်တက်လို့

အမြင့်ထက်နန်းကို ၊ ငါအရောက်လှမ်း

လှသောပန်းများအတိနဲ့လေ ။

 

မင်းက မောဟမှောက်မိုက်နဲ့

င့ါကိုလောင်မြိုက်အောင်

လောင်တိုက်မှာ မီးရှို့လည်း

ငါက ပြာမဖြစ်

အချစ်မေတ္တာနဲ့ အကောင်းအစဉ်

အနှစ်သစ္စာနဲ့ အကြောင်းမြင်

ပေါင်းယှဉ်ကာ ကောင်းကင်မှာ ငါပျံသန်းလို့

တက်လှမ်းကာ ခရီးသစ်ဆက်

ဖီးနစ်ငှက်တစ်ကောင်

င့ါတောင်ပံတွေ လေမှာဖြန့်လို့နေ ။     ။

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

အရမ်းကောင်းတယ် အစ်ကိုရေးး.။
အားပေးနေတယ်ဗျာ.. ကဗျာကောင်းလေးတွေများများတင်ပေးပါ…။

Comment #2

လေးချိုးကြီး သဘောဆောင်တယ် အစ်ကို..။ အကြိုက်ဆုံးပဲဗျာ…။

Comment #3

လေးချိုးကြီး သဘောဆောင်တယ် အစ်ကို..။ အကြိုက်ဆုံးပဲဗျာ…။

Comment #4

နဂါးမှန်းသိအောင်

အမောက်မထောင်

ကြောက်ချင်ဟန်ဆောင်ခဲ့တာ

အခြောက်တစ်ကောင်လို့ မင်းထင်

ဂေါက်အသွင်

ဖောက်အမြင်နဲ့

ဟောင်ချင်တဲ့စကားနဲ့ ရိုင်းပြ

မင်းသမိုင်းက နိမ့်လှပါဘိ ။

မောက်မာဝင့်ကြွား ၊ မင်းစကားနဲ့

မင်းနှလုံးသားကို ၊ အမှတ်မထားမိ

ငါသနားလိုက်ပါ၏ ။

ငါ့ကိုပိပြားအောင်

ဖိထားလို့ မင်းနှိမ့်ချလည်း

နိမ့်မကျလို့ ရုန်းထကာ ပိုရင့်ကျက်

တစ်ဆင့်တက်လို့

အမြင့်ထက်နန်းကို ၊ ငါအရောက်လှမ်း

လှသောပန်းများအတိနဲ့လေ ။

အား……………….ကဗျာလေးက ကောင်းလိုက်တာဗျာ….. ကြက်သီးတွေ ဖြန်းခနဲထတယ် ကျွန်တော်ဘယ်လိုမှ လုပ်ယူလို့ရမဲ့ ကဗျာမျိုးမို့ အားကျ လေးစားစွာ ကူးယူလိုက်ပါတယ် အကို
အကို့ကဗျာလေးကို သိပ်ကြိုက်ပါတယ်…

လေးစားလျက်
နိုးဆက် နေ့

commentinfo By: Noe Sat Nay at Jan 12, 2013
Comment #5

မင်းက မောဟမှောက်မိုက်နဲ့

င့ါကိုလောင်မြိုက်အောင်

လောင်တိုက်မှာ မီးရှို့လည်း

ငါက ပြာမဖြစ်

မင်းက မောဟမှောက်မိုက်နဲ့

င့ါကိုလောင်မြိုက်အောင်

လောင်တိုက်မှာ မီးရှို့လည်း

ငါက ပြာမဖြစ်

မင်းက မောဟမှောက်မိုက်နဲ့

င့ါကိုလောင်မြိုက်အောင်

လောင်တိုက်မှာ မီးရှို့လည်း

ငါက ပြာမဖြစ်…….

ကျွန်တော်ကပါ ဘာကောင်မှမဟုတ်ပေမဲ့ ကဗျာထဲဝငိပြီး ကြွေးကျော်လိုက်ပါတယ် ကျေးဇူးတင်ပါတယ် ကိုဒီရေလှိုင်း…ခင်ဗျာ.။

commentinfo By: Noe Sat Nay at Jan 12, 2013
Comment #6

ကောင်းကင်မှာ ငါပျံသန်းလို့

တက်လှမ်းကာ ခရီးသစ်ဆက်

ဖီးနစ်ငှက်တစ်ကောင်

င့ါတောင်ပံတွေ လေမှာဖြန့်လို့နေ ။ ။

commentinfo By: tabound at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment