ချစ်သူ့ အလိုကျ
သဝန်တိုသူ အဖြစ်ပေမို့
ဟိုအရင်လို သူပြန်ချစ်စေဖို့တော့
ငြင်ငြိုတဲ့ သူစိတ် ထွေကို
စိတ်ပြေအောင် ချော့ပါမှ
လျော့ကျတယ်လေ။
သူစိတ်နေမှာ အလိုမကျပါက
အတိတ်တွေသာ ငိုကာပြောလေတော့
သဘောအထွေထွေနှင့် သူစိတ်နေမှာ
သောကတွေဝေ။
အသည်းတွေ ကြွေလုပြီမို့
အမြဲနေ အထွေထွေပြုနေဖို့
ဒီလူ့မှာ တာဝန်တွေထမ်းပါရ
နွမ်းလျပြီပေါ့။
မောပါဘူး ချစ်သက်လယ်ရယ်
မော်ကာဖူး နှစ်သက်မယ်ကွယ်
အသက်ဝယ် သိမ်းကာဆည်းလို့
ကမ္ဗည်းထိုး မှတ်ကျောက်တင်မယ်
ကိုယ်ရင်ဝယ် ထွန်းမယ့်လမင်း
အရောင်တွေ စုံစွာခင်းလို့
လင်းစေအုံး(ဦး)တော့။
Comment #3
ကောင်းပါတယ်..ကိုဇော်သက်၇ယ်
ဆက်ကာလေရေးပါဦးလို့ 
မျှော်လင့်ကာဖက်ရှုပါမယ်..
အားပေးမယ်လေး….
By: minratha at Jul 22, 2011
Comment #7
ကဗျာလေးဖတ်လို့ကောင်းတရ်…
သူစိတ်နေမှာ အလိုမကျပါက
အတိတ်တွေသာ ငိုကာပြောလေတော့
သဘောအထွေထွေနှင့် သူစိတ်နေမှာ
သောကတွေဝေ။
အကြိုက်ဆုံးစာသားလေးဘဲ…..
By: sandi at Jul 23, 2011
Comment #9
တော်တော်လေး တိုးတက်နေပြီဘဲ
By: pyaephyo at Jul 28, 2011
Comment #11
sate kaout nay de thu tway ko pay phat ya me.
he,,he,,
a yan chit phoe kaung de
By: ei lay at Apr 8, 2012
Comment #12
read again par. 🙂
By: ei lay at Apr 27, 2012




Comment #1
မောပါဘူး ချစ်သက်လယ်ရယ်
မော်ကာဖူး နှစ်သက်မယ်ကွယ်
အသက်ဝယ် သိမ်းကာဆည်းလို့
ကမ္ဗည်းထိုး မှတ်ကျောက်တင်မယ်
ကိုယ်ရင်ဝယ် ထွန်းမယ့်လမင်း
အရောင်တွေ စုံစွာခင်းလို့
လင်းစေအုံး(ဦး)တော့။
ကဗျာလေးတွေကောင်းလာတယ်