Professional Authors

မဲဇာချောင်

မဲဇာချောင် တောင်ခြေကလွမ်းပါရ
ပွဲခါညောင် ရေစင်သွန်းချိန်မို့
သဲသာသောင်မြေကျွန်းရယ်က ခွေပတ်လည်။

ရော်လို့သာ ရမ်းပါရ
တမ်းတကာ တဖိုဖိုနှင့်
ပြည်ရွေဘို အောင်ဌာနဆီသို့
မြတ်ဘိုးတော် စေတီယတို့ကို
ဦးချစိတ်ရည်။

လေပြည်လာ တုန်ကာအေးတာမို့
နေခြည်ဖြာ ခြုံလွှာနှင့်ထွေးရပါ့
ဆွေးသပ ဖြေမတည်
ရေကြည်ကြည်ကျ သွင်သွင်မစဲ။

ဆီးနှင်းငယ်တန်
မိုးလောက်ပင် ပုံသဏ္ဍန်မို့
မှုန်ပြာလျှံ တောင်ယံထဲမှာ
မှိုင်းရီလို့မဲ။    ။
(လေးချိုး)          အဝေးရောက်မင်း

In: ကဗျာ,Others Posted By: Date: Jul 20, 2011
Comment #1

thanks for posting this precious poem….

commentinfo By: May Kha at Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment