Professional Authors

ကျွန်တော်နှင့်ဗာလင်တိုင်း

မြင်လေရာ ရပ်မှာလ
ဆင်တူတွေ ဝတ်ကာပ
ကြင်နာကြ ချစ်သူတွေ။

အားပင်လျှင် မနာကြ
ကဲကာပြ ညီလှပေ
စုံတွဲတွေ မုန်းမိဆဲ
ရှောင်လို့လည်း မလွဲပေ
ပြောင်ကာနေ ကြသည်လား
ခါးလှပါပေ။

ဗာလင်တိုင်း ခါပေမို့
အပြင်သို့ မသွားလို
သက်တိုမှာ စိုးသည်ပ
ဘဝက ငှက်ဖော်ကွဲ
အတွဲတွေ မြင်မိလေ
ရင်ထိဝေ လွမ်းမိဆဲ။

ရပ်ကတို့ရေ
ချိုဦးဝေ သည်ကောင့်မှာ
ရင်အောင့်ကာ နေပါပေါ့
ဖြေကာလျှော့ စိတ်ကိုသာ
မှောက်လှဲကာ ခုတင်ထက်
ရင်ဘတ်ကပ် အိပ်လို့ပဲ
ခေါင်းမြှီးခြုံဆဲ။

လေးချိုးကဗျာ-ဗာလင်တိုင်းချဉ်ဖွဲ့
ချိုဦးဝေ(ဆေးမန်း)

In: ကဗျာ Posted By: Date: Feb 7, 2013
Comment #1

a hak
a hak
arr ma nge ne
ei le par de
😛

commentinfo By: ei lay at Feb 7, 2013
Comment #2

okok 😛

commentinfo By: cho oo wai at Feb 7, 2013
Comment #3

yes(y)

commentinfo By: gadounlay at Feb 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment