Professional Authors

အာဇာနည်နေ့

အာဇာနည်နေ့
ဒီနေ့မှာ…..
ငါမျက်နှာမသစ်၊သွားမတိုက်ဘူး
နံနက်စာမစားဘူး
အိပ်ရာကနိုးနိုးချင်း
သုံးမိနစ် ငြိမ်သက်နေလိုက်တယ်
ဝမ်းးနည်းခြင်းအထိမ်းအမှတ်ပေါ့…..

လက်ကြားက ငါးဆယ်တန်အနွမ်းတရွက်နဲ့
အဲဒီအာဇာနည် ဗိမ္မာန်ကိုလည်း
ငါမရောက်ခဲ့ဘူး

ဆေးလိပ်တို တလိပ်ကို
အံကြိတ်ခဲပြီး
ကျဆုံးလေပြီးတဲ့
အာဇာနည်သူရဲကောင်းတွေအတွက်
ငါဝမ်းနည်း
ငါကိုယ်ငါ အတွက်လည်း
ငါဝမ်းနည်း
လူငယ်တွေအတွက်လည်း
ငါဝမ်းနည်း

“တိုက်တိုက်ဆိုင်ဆိုင်
ဗိုလ်ချုပ်ဟာ
အာဇာနည်နေ့မှာမှ သေရတယ်လို့”
အဲသလို….
စကားတခွန်း
လူငယ်တယောက်ဆီက
ငါကြားလိုက်မိတဲ့အခါ
ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ
ခေါင်းထဲမှာ ရှော့(shock) ဖြစ်သွားတယ်

ငါ့အတွက်တော့
အမှတ်တရ အာဇာနည်နေ့ ဖြစ်ခဲ့လေတော့တယ်…….

ကျတော်နဲ့အတူဘယ်သူတွေ
အလေးပြုနေမှာလဲ…….

မှတ်ချက်။      ။ဒီနေရာမှာအလေးပြုကြလို့ရပါတယ်(comment)

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

လေးစားသောဗိုလ်ချုပ်အား..အမြဲဦးညွှတ်လျှက်

commentinfo By: အသဲကွဲမိုး at Jul 19, 2011
Comment #2

ဗိုချုပ်အောင်ဆန်း နှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်အပေါင်းတို့အား…အလေးပြု.။
ဒီနေရာမှ လွမ်းဆွတ်လျက် အလေးပြု ပါ၏….။

Comment #3

ရဲဘော်တို့ နှစ်ယောက်ဘဲလား
အားငယ်လိုက်တာ……
ကျေးဇူတင်ပါတယ်
ခုလို မမေ့ကြသေးလို့ပါ…….

commentinfo By: laminpaing at Jul 20, 2011
Comment #4

“တိုက်တိုက်ဆိုင်ဆိုင်
ဗိုလ်ချုပ်ဟာ
အာဇာနည်နေ့မှာမှ သေရတယ်လို့”
အဲသလို….
စကားတခွန်း
လူငယ်တယောက်ဆီက
ငါကြားလိုက်မိတဲ့အခါ
ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ
ခေါင်းထဲမှာ ရှော့(shock) ဖြစ်သွားတယ်………… (၀မ်းနဲစရာပဲ)

commentinfo By: May Kha at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment