Professional Authors

မြန်မာတွေ စည်းကမ်းဖေါက် (အချုပ်တန်းဆရာဖေ)

မြန်မာတွေစည်းကမ်းဖေါက်လို့၊
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီးကွန်းထောက် အသစ်မှီတယ်၊
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖ ရှောင်သွေသည်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

မြန်မာများကြွားချင်၊
ဓားပြသွင် လူဆိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို၊
ခုမြေလျှိုးပုန်းရှောင်၊
မိုက်ပနော် ပြုမဟေးတို့က၊
သူ့ပထွေးတော့ ခွေးသို့မဟောင်။

ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊
စာဇင်တောင် ဦးချလို့၊
ပလူးရ ပြေးကြို့ခါခါ၊
ခွေးသို့ပမာ၊
တွေးမိတိုင်း အရိုးနာသည်၊
အမျိုးပါ ဆဲချင်ပေါ့လေး။ ။

(အချုပ်တန်းဆရာဖေ)

တေးထပ်

Comment #1

အရမ်းကိုကျေးဇူးတင်တယ်။
ပြန်လည်ဖော်ထုတ်ပေးတော့ လေ့လာခွင့်ရတာပေါ့။

commentinfo By: aurthur549 at Apr 29, 2012
Comment #2

ကျေးဇူးပါကဗျာကိုရှာတင်ပေးလို့

commentinfo By: နောင်ထူး at May 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment