Professional Authors

လယ်စောင့် တဲ (မင်းသုဝဏ်)

မိုးရေတက်ရေ
တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။

လယ်စောင့် တဲလေး
ခြေတံရှည်
မိုးကုပ်အောက်မှာတည်။

ကြာနီတပွင့် 
ဖြူတပွင့် 
တဲနှင့် ပနံတင့် ။

မင်းသုဝဏ်

In: ကဗျာ,မင်းသုဝဏ် Posted By: Date: May 3, 2010
Comment #1

တခါက ငယ်ဘဝတွေကို ပြန်လည်လွမ်းမောမိပါတယ်ရှင်…..
ကျေးဇူးပါ…..

commentinfo By: မှုံရွှေရည် at Jul 15, 2010
Comment #2

မိုးရေတက်ရေ
တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။

လယ်စောင့် တဲလေး
ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ရွာကိုသတိရတာပေါ့…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #3

စဉ်းစားလို့တွေးလို့ အရမ်းကောင်းပါတယ် လယ်စောင့်တဲ လေးက မြန်မာနိုင်ငံနဲ့ တူပါတယ်။ မိုးရေတက်ရေ နဲ့တူတဲ့ လောဘ ဒေါသ တွေကလည်း တက်နေလိုက်ကြတာ
ဒါပေမယ့် မြန်မာနိုင်ငံမှာ ကြာနီနဲ့ တူတဲ့ သံဃာတော်တွေ ရှိသလို ကြာဖြူနဲ့ တူတဲ့ ခေါင်းဆောင်ကောင်း တစ်ချို့လည်းရှိပါသေးတယ် ဒါတွေဟာ တဲနဲ့ ပနံသင့်သလို နိုင်ငံ နှင့်လည်း ပနံသင့်နေတာ အရမ်း ချစ်စရာကောင်းတဲ့ တိုင်းပြည်ပေါ့

commentinfo By: အလွမ်းမင်းသား at Mar 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment