Professional Authors

မီးအိမ်မဲ့ ည

ထိုည
ပထမတော့၊ ဘာမှမမြင်ရ
မီးက၊ ရုတ်တရက်
ပျက်၍သွားခိုက်၊ အမိုက်မှောင်လွှမ်း
မမြင်မကန်း၊ လက်လှမ်းလိုက်ရာ
ညင်သာနူးညံ့၊ သငါးပျံ့အိထွေး
နွေးသောလက်ဖျား၊ ငါ့အားဆုပ်လာ
သက်သာရာရ၊ မေတ္တာသင်္ကေတ
ငါ့မဟာမိတ်ပါတကား။

မိးအိမ်မဲ့ည
ခဏကြာသော်၊ အမှောင်ဇာထက်
အရာဝတ္ထု၊ အစုစုကို
စေ့ငုသေချာ၊ ကြည့်လေရာတွင်
ရှင်းရှင်းမြင်ရ၊ ကျင့်သားရပြီ
ညရောင်ကြယ်ရောင်၊ မြရောင်အောက်ဝယ်
မှောက်သူ လှန်သူ၊ ပုန်းသူ ပြေးသူ
ညှဉ်းသူ ခံသူ၊ မုန်းသူ ချစ်သူ
လူ၏သဘာဝ၊ အနန္တကို
ဗလာကိုယ်ထီးမြင်ရသည်။
                          ဒဂုန်တာရာ

In: ကဗျာ,ဒဂုန်တာရာ Posted By: Date: Jul 18, 2011
Comment #1

မိးအိမ်မဲ့ည
ခဏကြာသော်၊ အမှောင်ဇာထက်
အရာဝတ္ထု၊ အစုစုကို
စေ့ငုသေချာ၊ ကြည့်လေရာတွင်
ရှင်းရှင်းမြင်ရ၊ ကျင့်သားရပြီ
ညရောင်ကြယ်ရောင်၊ မြရောင်အောက်ဝယ်
မှောက်သူ လှန်သူ၊ ပုန်းသူ ပြေးသူ
ညှဉ်းသူ ခံသူ၊ မုန်းသူ ချစ်သူ
လူ၏သဘာဝ၊ အနန္တကို
ဗလာကိုယ်ထီးမြင်ရသည်။

commentinfo By: May Kha at Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment