Professional Authors

အပျင်းပြေစကားလုံးများနဲ့ ဆော့ကစားခြင်း (အောင်ရင်ငြိမ်း)

ပထမဆုံး
နေရောင်နဲ့အတူ အနိစ္စတရားဝင်လာတယ်
ဒီနေ့ကပြရမယ့် ဇာတ်ဝင်ခန်း နောက်တစ်နေ့အစီအစဉ်
စကားလုံးတွေ တစ်လုံးပြီးတစ်လုံး
“ပျင်းရိငြီးငွေ့မှု”က စာရွက်ပေါ်ခုန်ချဖို့ အလစ်ချောင်းလို့
“လူအဖြစ်”ကို ပြန်ဖျက်ပြီး သမ်းဝေမိ
ကလေးလိုပဲ
အမေ့ရင်ခွင်ထဲ ပြန်အိပ်နေချင်တယ်
မရေရာသော
လူ့ဘ၀စီမံကိန်းများ
တစ်ခုခုတည်ဆောက်ပြီးတော့ ပြန်ဖြိုဖျက်
လောကဓံငနဲက နတ္ထိဝါဒဆီ တွန်းပို့လိုက်သလား
အတွေးဆိုက်ရောက်ရာ သုညပဲ
ဆံပင်ပုံစံက ရော့(ခ်)ကာပဲ
လူ့ဘ၀ကိုပျင်းလို့ မိန်းမယူထားတယ်
အနုပညာကို ပျင်းလို့ ကဗျာနည်းနည်းပဲရေးတယ်
ချစ်ခြင်းမေတ္တာနဲ့
ဘုရားသခင်ကို အဓိပ္ပာယ်လှပလို့ အပျင်းပြေသုံးစွဲတယ်
အတွေးအခေါ် ရှေ့နောက်မညီ
သီဝရီအတိုင်း ဘ၀ကရွေ့နေတယ်
လူဆိုတာ ပိုက်ဆံရှိရင် သွေးနွေးသလောက်
ပိုက်ဆံမရှိရင် သွေးအေးသွားတော့တာပဲ
သူငယ်ချင်းတွေလည်း
ခေတ်ကြီးထဲ စုန်ဆန်စီးလို့
မြို့ပျက်ကြီးထဲ ဟစ်(ပ်)ဟော့စတိုင်လ်နဲ့ ဖုန်းတွေဆက်လို့
လအက္ခရာနဲ့
လကမ္ဘာမှာ လကဗျာတွေရေးလို့
ဆိုလိုရင်းက အော်လ်တာပဲ
ပြောချင်တာက ဒေါ်လာပဲ
သစ္စာပန်းရနံ့ရနံ့ရဖို့ သစ္စာပန်းတစ်ပွင့်လိုပါတယ်
သစ္စာပန်းမရှိလည်း သစ္စာပန်းရနံ့ ရနိုင်ပါတယ်
စကားလုံးတွေနောက်မှာ အဓိပ္ပာယ်များ
အဓိပ္ပာယ်တွေနောက်မှာ တရားဓမ္မများ

အောင်ရင်ငြိမ်း

Comment #1

ရင်ဘတ်တစ်လျှောက်လုံး ဖြတ်စီးခံလိုက်ရတဲ့ကဗျာ

commentinfo By: မိုးသစ်လေပြေ at Oct 23, 2011
Comment #2

what

commentinfo By: moemama at Apr 13, 2014
Comment #3

နာလည်ချင်လိုပါ

commentinfo By: moemama at Apr 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment