Professional Authors

သေတမ်းစာ

၉နှစ်ကြာ ဖာတ်လမ်းတစ်ပုဒ်အတွက်
အကြောင်းပြချက်ကောင်းကောင်းတွေ့ရင်ပြောပေးကြပါ
အကောင်းဆုံးကိုရှာရင်း
မြစ်တွေတစင်းပြီးတစင်း လက်ပြသွားကြ
ရေခဲဘူတာရဲ့ တတိယ ပြေးလမ်းမှာ
သောကြာကြယ်ကိုတွေ့ဖူးတယ်….

မိုးတိမ်တွေ အထုပ်ဖြေချိန်မှာ
ရိုးမကတော့ ၀င်စိတ်ကောက်မှာမဟုတ်ဘူး
ဘယ်လောက်ပဲဆိုဆို
ရွက်ဝါတွေပြိုချိန်တိုင်း
မိုးပွင့်တွေအပြိုင်းအရိုင်းနဲ့
ပြီးခဲ့တဲ့ အတိတ်ကို အလွမ်းသယ်ကြပေါ့…

အနီးဆုံးလို့ ဆိုခဲ့ပြီး
အချိန်တိုင်းမှာထပ်ထပ်ညာတတ်သူရေ
စောင်းကြိုးတွေပြောတဲ့ဘာသာဗေဒမှာ
နာရီကိုမကြည့်ဘဲ အတုအစစ် ကိုယ်တိုင်ခွဲကြည့်ပါလား…

ပန်းဆိုတာ
တို့များမပေါ်မီတည်းက
ပွင့်ခဲ့ကြတာ ကာလကြာပေါ့
စနေဂြိုဟ်ကို ပြန်စိုက်ပြီး
ဆောင်းရဲ့ရှိုက်သံနဲ့ လောင်းတဲ့ပန်းကိုမှ
အမှတ်တရပေးခဲ့တာ…

ပြိုးပြိုးပြက်ပြက် မာယာ
သီချင်ဆိုတတ်တဲ့ မျက်လုံးများ
နှုတ်ခမ်းပါးတွေက
ငါ့အတွက်ဆို ထာဝရစေ့ထားတယ်…

ညနေခင်းရဲ့ ထွက်သက်မှာ
အရုဏ်ဦးဟာ လိုက်ပို့ခွင့်မရနိုင်သလိုမျိုး
မင်းကိုငါ မြတ်နိုးခဲ့တာပါ..
(ဒါကိုက မှားခဲ့တာပေါ့)

မရှင်သန်နိုင်တော့တဲ့ မနက်ဖြန်အတွက်
ပင်လယ်ရဲ့ လျှောက်လဲချက်ကို ပြန်ပယ်ချတဲ့ည
သက်တံတွေ အရောင်မှားစပ်မိချိန်မှာ
မင်းကိုငါ မုန်းမယ်….

နောက်ဆုံး
ခရမ်းပြာကျောက်စာတချပ်ရဲ့
ရင်နင့် မှတ်တမ်းအဆုံး 
ူအလင်းအမှောင်မရှိတဲ့ တောင်ကုန်းမှာ
သူမကို အကြောင်းကြားစာမပို့ဘဲ
ငါ့ကို ငြိမ်းချမ်းစွာ မြှုပ်နှံပေးကြပါ……..

ငါပြန်လာမယ်   ပြန်လာမယ်လို့
မပြောပေးကြပါနဲ့
လောဘဒေါသတွေ လွင့်ပါး
အိပ်မက်တွေပြန်ဝင်စားတဲ့ တစ်ရက်မှာ
ငါ  ကိုယ်တိုင် ကိုယ်ထင်ပြလိုက်ပါ့မယ်……

In: ကဗျာ Posted By: Date: Jul 16, 2011
Comment #1

အားပေးသွားပါတယ်။
ငါပြန်လာမယ် ပြန်လာမယ်လို့
မပြောပေးကြပါနဲ့
လောဘဒေါသတွေ လွင့်ပါး
အိပ်မက်တွေပြန်ဝင်စားတဲ့ တစ်ရက်မှာ
ငါ ကိုယ်တိုင် ကိုယ်ထင်ပြလိုက်ပါ့မယ်……

commentinfo By: poem.poem28 at Jul 16, 2011
Comment #2

အားပေးသွားတယ်နော်………..

commentinfo By: May Kha at Jul 16, 2011
Comment #3

အရေးအသားတွေရော နိမိတ်ပုံတွေရော ခံစားမှုရောကောင်းတယ်ဗျာ……

commentinfo By: moehtetaung18 at Jul 17, 2011
Comment #4

ငါပြန်လာမယ် ပြန်လာမယ်လို့
မပြောပေးကြပါနဲ့
လောဘဒေါသတွေ လွင့်ပါး
အိပ်မက်တွေပြန်ဝင်စားတဲ့ တစ်ရက်မှာ
ငါ ကိုယ်တိုင် ကိုယ်ထင်ပြလိုက်ပါ့မယ်…

commentinfo By: အသဲကွဲမိုး at Jul 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment