Professional Authors

သူငယ်ချင်း မလေး….

….ချစ်သူကိုပြောပေးကြပါ

 

သူ့အကြောင်းတွေ စဉ်းစားရင်

 

ငါ့ နှလုံးခုန် အရမ်းမြန်လာတယ်

 

ဆိုတဲ့ အကြောင်း…..

 

ဟိုးအရှေ့မှာ..

 

ရေခဲငှက် တစ်သုတ်

 

ခပ်အုပ်အုပ် နဲ့ ထအပြန်..

 

ချစ်သူ ကလရောင် ကို

 

ပန်ပြီး နန်းဆန် နေလေရဲ့…

 

တစ်ကယ်တော့ ..

 

ချစ်သူ ….က

 

မာနခပ်ပါးပါး နဲ့…စည်းခြားနေခဲ့တဲ့

 

သူငယ်ချင်း…

 

မင်းကလဲ ပပ၀တီလောက် မလှဘူး..

 

ငါကလဲ မင်းကုသလောက် ရုပ်မဆိုးဘူး…

 

ဒါတောင် မှ ငါတို့ ချစ်ခြင်းတွေ..

 

ဘာမို့လို့  ခေါင်းငုံ့ နေရမလဲ…

 

ငါ့ကို မချစ်စေ ချင် ရင်..

 

မင်းဟန်ဆောင်ကောင်းပါ ချစ်သူ..။

 

စကားလုံးတွေက သာ ..

 

ခံစားချက် ကို ဖော်ပြ နိုင်စွမ်းရှိရင်

 

(ရှိခဲ့ရင်)….

 

တစ်ခါသေဖူး ရုံနဲ့

 

ပျဉ်ဖိုး ဈေး အတက် အကျ ကို..

 

ကျွန်တော် အခု ထိ နားမလည်မှန်း…

 

ချစ်သူကိုပြောပေးကြပါ….။

In: ကဗျာ Posted By: Date: Oct 15, 2010
Comment #1

တစ်ခါသေဖူး ရုံနဲ့ပျဉ်ဖိုး ဈေး အတက် အကျ ကို..
ကျွန်တော် အခု ထိ နားမလည်မှန်း…ချစ်သူကိုပြောပေးကြပါ….။………………..
………………………ကောင်းတယ်..အားပေးတယ်

commentinfo By: အသဲကွဲမိုး at Oct 15, 2010
Comment #2

wow,,,,
mike de kwa.

commentinfo By: ei lay at Jul 19, 2011
Comment #3

so so like

commentinfo By: ei lay at Jan 4, 2012
Comment #4

read again & again

commentinfo By: ei lay at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment