Professional Authors

လက်ဆောင်

ငါပေးခဲ့တဲ့မေတ္တာတွေကို

မယုံတာလား?…ဂရုမစိုက်တာလား…?

ပူမှန်းသိရက်ဝင်တိုးတဲ့

ပိုးဖလံတစ်ကောင်လိုပဲ….

ဒီတစ်ယောက်ကိုပဲချစ်မိတော့

ကွဲလိုက်အုံးပေါ့အသဲတွေ

ငါသိပ်ချစ်တက်မှန်းသိလို့

ရည်ရွယ်ချက်တွေနဲ့စိတ်ညစ်စေသလား

ခနဲ့သဲ့သဲ့တောင်းပန်စကားတွေနဲ့

ငါ့ကိုထပ်နိပ်စက်နေလဲ..

သည်းခံရမှာပေါ့

ငါကချစ်မိတဲ့သူကို….

နင့်နှုတ်ခမ်းပါကအပြုံးတစ်ခုက

ငါ့ရင်ထဲကခံစားမှုကို

လျော့သွားစေနိုင်တာ

နင့်အပြုံးလေးတွေကပဲလှလို့လား

ငါ့နှလုံးသားကပဲနုနေလို့လား

စဉ်းစားကြည့်တော့မိုးတောင်လင်းသွားတယ်

ချစ်ရတဲ့သူစိတ်ချမ်းသာဖို့

သူစိတ်ညစ်ချိန်မှာ….ပြုံးနေခဲ့တယ်..

ငါ့မာနတွေပြရမဲ့ချိန်မှာ

အလံဖြူထောင်ခဲ့တယ်…..

ခုတော့လဲ…….

ဒါတွေအားလုံးဟာ…ဟိုးခေတ်က

ပုံပြင်တစ်ပုဒ်လိုပဲ……..

မမျှော်လင့်မိတဲ့..ပစ္စုပ္ပန်တစ်ခုမှာ

ရင်နာနာဇာတ်လမ်းတစ်ခုကြောင့်

ငါ့ရင်တွေတဆက်ဆက်နာနေလဲ

ဘယ်တက်နိုင်မလဲ…

ကံကြမ္မာကပေးတဲ့လက်ဆောင်

မျက်ရည်စက်လက်နဲ့

ငါလှမ်းယူလိုက်ပြီးပြီပဲ……………

In: ကဗျာ Posted By: Date: Feb 8, 2011
Comment #1

ငါ့ကိုထပ်နိပ်စက်နေလဲ..

သည်းခံရမှာပေါ့

ငါကချစ်မိတဲ့သူကို….
အားပေးသွားပါတယ် ဇလပ်ဖြူ

commentinfo By: genius.jinx28 at Feb 8, 2011
Comment #2

😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment