Professional Authors

အချစ်စစ်

အချစ်စစ်

ဥတုရာသီ တောကိုမှီပေမယ့်

ငါ့အချစ်ဒီဂရီ…

မင်းအပေါ်တည်ခဲ့ပါတယ် ချစ်သူ။

အို… ဆောင်းဥတှု

နှင်းစက်များ ဘယ်လိုပင်အေးပါစေ

မင်းအကြည့်တစ်ချက်ကြောင့် နွေးသွားနိုင်တယ်။

အို… နွေဥတု

နေမင်းကြီး ဘယ်လိုပင်ပူပြင်းပါစေ

မင်းအပြုံးတစ်ခုက ငြိမ်းချမ်းစေနိုင်တယ်

ဂန္တ၀င်မဆန်ပေမယ့် တို့နှစ်ယောက်

တွေ့ဆုံမှုမှာ ‘ချက်’ဆိုပြီး

မီးပွားလေးတွေ ပွင့်ထွက်သွားတာက

ငါ့ရင်ဘတ်ထဲမှာပဲလား ချစ်သူ။

ပူမယ်မထင်ပါနဲ့ အပူကင်းတဲ့

မီးပြင်းလေးတွေပါ

စိတ်ချနေလိုက်ပါ ချစ်သူ

တစ်စုံတစ်ယောက်ကို

လောင်ကျွမ်းစေနိုင်တဲ့ အချစ်မျိုး

ဘယ်တော့မှ ငါမလိုချင်ခဲ့ဘူး။

ငါဟာ ငါ့အချစ်ကို

‘Platonic’ဆန်ဆန် ဖြစ်ချင်ခဲ့တယ်

တကယ်ပါ လောကကြီးတစ်နေရာမှာ

မင်းရှိနေရုံနဲ့ မင်းပျော်နေရုံနဲ့

ငါကျေနပ်နေမိမှာပါ ချစ်သူ…။

အချစ်ကို လူတွေက

ပေးဆပ်ခြင်း၊ စွန့်လွတ်ခြင်းတွေနဲ့

အမျိုးမျိုး သတ်မှတ်ကျပေမယ့်

ငါကတော့…

အချစ်ကို အချစ်တိုင်းပဲ

သန့်သန့်လေး ရှိနေစေချင်မိတယ်

မင်း နားလည်ပေးနိုင်မလား ချစ်သူ။

 

မင်းအတွက်တော့…

စိတ်ကူးယဉ်ဆန်ချင်ဆန်နေမယ်

ဒါပေမယ့် မင်းနဲ့ငါကြားမှာ

အနီးအဝေး အနိမ့်အမြင့်တွေက

ငါ့အချစ်ကြောင့် အရာမထင်ပါဘူး

ရင်ထဲမှာ ရှိနေပြီပဲ

အားလုံးကို ကျော်ဖြတ်ပြီး

ငါလာခဲ့မယ်            

                             Demon

In: ကဗျာ Posted By: Date: Jul 14, 2011
Comment #1

ငါဟာ ငါ့အချစ်ကို

‘Platonic’ဆန်ဆန် ဖြစ်ချင်ခဲ့တယ်

တကယ်ပါ လောကကြီးတစ်နေရာမှာ

မင်းရှိနေရုံနဲ့ မင်းပျော်နေရုံနဲ့

ငါကျေနပ်နေမိမှာပါ ချစ်သူ…။
ကိုဒီမွန်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 14, 2011
Comment #2

အားပေးသွားတယ်ဗျို့ …..

commentinfo By: moehtetaung18 at Jul 15, 2011
Comment #3

mike de.

commentinfo By: ei lay at Jul 15, 2011
Comment #4

nice poem

commentinfo By: ei lay at Jan 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment