Professional Authors

အချစ်၊အတ္တနဲ့မာယာ

အချစ်၊အတ္တနဲ့မာယာ

အချစ်ကဲ့…

နှစ်လုံးထဲနဲ့ ရှုပ်နေဆဲ…

လှည့်စားမူတစ်ခုအပေါ်

ထပ်ဆင့်လှည့်စားမူတွေနဲ့

မထားသင့်တဲ့ အတ္တတစ်ခုက ငါကို

အမှောင်တိုက်သွင်း အကျဉ်းချခဲ့ပြီ။

အသက်ရူရပ်သွားတာမှ

ဖြေသာသေးတယ်

အခုတော့ နေစဉ်ရက်ဆက်

ထပ်ခါထပ်ခါ နာကျင်စွာနဲ့

သေဆုံးနေတဲ့ နှလုံးသားပိုင်ရှင်

ဖြစ်နေမှန်းသိသိ ချစ်နေသေးတယ်။

ဝေးကွာခြင်းနဲ့ လွမ်းဆွတ်စိတ်

မြားနှစ်လက်က ရင်ကိုခွဲ

နှလုံးသား တစ်ဖက်တစ်ချက်မှာ

စူးနစ်လို့ အဆိပ်တက်နေခဲ့တာ

ငါကို ငါလှည့်စား….

မျက်နှာလွဲခဲ့တဲ့ အချိန်ကတည်းကပေါ့…။

ပြင်မရတဲ့အမှားဆိုတာက…

မြင်ရတဲ့ အခိုက်အတန့်မှာ

ငါဟာငါ အမှောင်ဖုန်း

အမိုက်ဆုံးလုပ်ခဲ့တာက

“ငါ့ အချစ်ဦး(ဆုံး)က မင်း” ဆိုတဲ့

 စကားတစ်ခွန်းလေးတောင်

ပြောမထွက်ခဲ့လောက်အောင်

အတ္တတစ်ခုကြောင့် စုံလုံးကန်းခဲ့တာလေ…။

အတ္တဆိုတာကလဲ မင်းအတွက်

ငါဟာ အကောင်းဆုံးလူ

ဖြစ်ချင်တဲ့ ဆန္ဒသက်သက်ပါပဲ။

အကြည့်ချင်းဆုံ နှလုံးသားချင်း

နားလည်ရုံနဲ ပြီးပြည့်စုံပြီလို့

ထင်မှတ်ခဲ့တဲ့ ငါဟာ..

လောကနိယာမတွေတောင် မေ့လို့ပေါ့။

အဖြေရှိပေမယ့် ညီမျှခြင်းမဲ့တဲ့

ဒီပုစ္ဆာတွေကို မတွက်ရဲတဲ့

ကျောင်းသားဆိုရင် ငါက…

ထိပ်ဆုံးကလူ ဖြစ်နေလိမ့်မယ်။

ဒီလိုနဲ့…

ကျောခိုင်းပြီး မုန်းခိုင်းခဲ့တာ

ငါပါပဲလေ…။

အခုတော့…

ငါ့အဖြစ်က

မင်းကို လှည့်စားရင်းနဲ့

ငါ့အချစ် ဆုံးရှုံးခဲ့ပြီလေ။

မင်းအပြုံးတစ်ခုက

နှစ်သက္ကရာဇ်တွေ ချိုးဖျက်လို့

အခုချိန်တိုင်အောင်

ငါကို ခြောက်လှန့်နိုင်ဆဲမို့

ရုပ်ကျိုးပျက် ထိတ်လန့်မိကာ

အိမ်မရသော ညတွေများခဲ့ပြီ။

 

ငါ ဘာကိုမှ မမျှော်လင့်တော့ပါဘူး

တို့နှစ်ဦး အတူရှိခဲ့တဲ့အချိန်

ရင်ခုန်သံတစ်ချက်မက လွဲအောင်

ဆုံခဲ့တဲ့ မင်းအကြည့်တွေမှာ

ငါအတွက်…

ချစ်ခြင်းတစ်ပိုင်းတစ်စ ပါရုံနဲ့

နှလုံးသားက နာကျင်မှုကို

ဖြေဖျောက်ပစ်လိုက်မယ်။

အချစ်ရဲ့ Chapter (၁) မှာ

စွန့်လွတ်ခြင်းဟာ အချစ်လို့

လူငယ်ပီပီ သူရဲကောင်းဆန်ချင်ခဲ့တာကြောင့်

ဇာတ်သိမ်းခန်းမှာ အလွမ်းမီးဝိုင်း

အချစ်ရူံးသမား ဖြစ်ခဲ့တာပေါ့။

တကယ်တော့… အချစ်မှာ

ချစ်နေဖို့သာ အဓိကဆိုတာနဲ့

နားလည်မှုဆိုတာ ရှိခဲ့

ရယူခဲ့မိရင် ကောင်းမှာပဲလို့

တွေးနောင်တ ရခဲ့မိပြီ။

ဒီလိုနဲ့…

မသိစိတ် သိစိတ်

လွန်ဆွဲမူးရစ်စေခဲ့တဲ့

ဒီချစ်ခြင်းစစ်ပွဲမှာ ငါဟာ

သေလူနဲ့မခြား အပြစ်ရှိလူသားပါ။

‘ဆု’ပေးကြစတမ်းဆိုရင်

မင်းနဲ့ငါကြားက

ဟန်ဆောင်မှုအကောင်းစားတွေက

‘Oscar’ဆုတောင် ထိုင်ငိုလောက်တယ်။

သြော်… နောက်ဆုံးတော့

အတ္တ၊မာယာနဲ့ အချစ်ဆိုတာတွေက

ငါ့ကို အသေသတ်ခဲ့တဲ့

နှစ်လုံးပြူးတွေ ဖြစ်နေတော့တယ်။

                                Demon

စာကြွင်း။         မိုးသည်းညတစ်ညမှာ

                        ရေးမိတဲ့ ဒီကဗျာအတွက်

ဖတ်မိတိုင်း ရင်နာဆဲမို့

လွမ်းမိတိုင်းသာ နင်ပျော်နေမယ်ဆိုရင်

လွမ်းရင်းနဲ့သာ ငါပျော်နေမယ်။

အင်း… ဒဏ်ရာတွေက

ပြန်ဆုံချင်တဲ့ ငါ့အတွက်

ခိုင်လုံလှတဲ့ သက်သေတွေပဲ။

 

In: ကဗျာ Posted By: Date: Jul 14, 2011
Comment #1

ကိုဒီမွန်….အရမ်းကြိုက်တယ်ဗျာ
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jul 14, 2011
Comment #2

ကိုဒီမွန်….အရမ်းကြိုက်တယ်ဗျာ
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jul 14, 2011
Comment #3

ကိုဒီမွန်….အရမ်းကြိုက်တယ်ဗျာ
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jul 14, 2011
Comment #4

ကောင်းတယ်ဗျာ။
ကျုပ်တော့ကြိုက်သွားပြီ။

commentinfo By: yelaylover2010 at Jul 15, 2011
Comment #5

har,,,,,,,,,,,
kyat ti phyan phyan taung hta mi de so yin yon par ma lar?
really really nice.

i m also afraid of being like u.
i wish i never.

wishing u b ok very soon.

commentinfo By: ei lay at Jul 22, 2011
Comment #6

i read again ,,,
then feel sth,

commentinfo By: ei lay at Jan 28, 2012
Comment #7

ကျွန်တော်လည်း ဒီကဗျာကို ပြန်ဖတ်တိုင်းမှာ အထီးကျန်တဲ့ လွမ်းဆွတ်မှုတစ်ခုကို ပြန်ပြန် ခံစားရတယ် နင့်နေအောင်ပဲဗျာ ei lay ကိုတော့ poemcorner မှာ အတော်တွေ့ရတယ် ဒါပေမယ့် Account တစ်ခုလုပ်မထားဘူးထင်တယ် လုပ်ပြီးတော့ ခံစားရသမျှလေးတွေ ရေးပြီးတင်ပါလား ကဗျာချစ်သူတစ်ယောက်မှာလဲ အတွေးလေးတွေ ရှိနေနိုင်တာပဲ

commentinfo By: Demon at Jan 31, 2012
Comment #8

thz so much,,demon.
but i know i can’t.
i m not as good as like u all.
so i daren’t write.
all my feeling & thoughts r in my diary everday.

commentinfo By: ei lay at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment