Professional Authors

လေးညှို့ ခြေလှမ်း

စိတ်ကူးတွေလွင့်လူးတဲ့ညမှာ
လေပြည်တစ်ချို့ ရဲ့ 
တိုးသက်မှုအောက်
အိပ်မက်တွေကျပျောက်ခဲ့ရတယ်။

ညရဲ့ အလှ
မစို့မပို့သာတဲ့လခြမ်း
ချိုသာမှုတွေပြည့်လျှမ်းတဲ့
ကောင်မလေးတစ်ယောက်ရဲ့ အပြုံး
ပျော်ရွှင်မှုတွေတက်တက်စင်အောင်ခုံးသွား
လူးလွန့်လှပနေတဲ့ပင်လယ်ပြာအထက်
မတ်မတ်ရပ်နေတဲ့ကြယ်တစ်ခက်ရဲ့ 
ကျင့်ဝတ်တွေပေါက်ပျက်ခဲ့…….

ငါဟာနောက်ကျနေတဲ့
ခြေလှမ်းတစ်ဖက်ဖြစ်တယ်။

ဝှက်ဖဲတစ်ခွန်းနဲ့တင်
ကျွန်တော့်ရင်ဘတ်တစ်ခုလုံး
ငရဲ ရနံ့တွေ
အတုံအရုံးထစ်ချုန်းသွားရဲ့ 

ရေဆင်းကြမ်းတဲ့ခြေနင်းလမ်းကို
ငါရအောင်လျှောက်လှမ်းမယ်
ရစ်သမ်မညီတဲ့ပျံသန်းမှု…
မင်္ဂလာပါ…ကောင်မလေး
ယဉ်ယဉ်ကျေးကျေးပဲ
အဝေးကိုငါကျောခိုင်းခဲ့တယ်။
                                                   မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: Jul 14, 2011
Comment #1

ကျွန်တော်..တပုဒ်လုံး နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ..

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #2

arr pay twar par d

commentinfo By: ei lay at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment