Professional Authors

စာတစ်လုံး ဘုရားတစ်ဆူ

အချိန်နဲ့ ဒီရေလူကို မစောင့်တဲ့
ကဲ ကိုယ့်လူ ခင်ဗျား
ဘာလုပ်မလဲ
ကွေးသောလက်မဆန့်မီ
ဆန့်သောလက် မကွေးမီတဲ့
လူ ဘ၀သိပ်တိုတယ်လေ
ကောက်ရိုးမီးလိုပဲ…..
ကံကို ယုံဆူးပုံမနင်းနဲ့
ကိုယ့်လူ အချိန်ဆိုတာရွှေပဲ
လိုချင်တာကို
တနေ့တလံ ပုဂံဘယ်ရွှေ့မလဲ ဆိုတဲ့အတိုင်း
ကြိုးစားလိုက်စမ်းပါ
ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်သေးတာပဲ
လူလေ လူ ရိုးရိုး လူ မဟုတ် လူယောက်ျား
ယောက်ျားတို့ဇွဲ သေခါမှ လျှော့တဲ့
အညံမခံနဲ့နော် ကံကြမ္မာကို
လှေခွက်ချည်းကျန်အလံမလဲ စေနဲ့….
ဒါပေမယ့် အရေးကြီးတာက
ကိုယ့်လှေကိုယ့် ထိုး ပဲခူးရောက်ရောက်
ဆိုတာမျိုး လေ
မထူးဇာတ်တော့မခင်းနဲ့ဗျာ
ကျုပ်တို့ လောကကြီးက ဇာတ်ခုံကြီးဗျ
အဲ ကျုပ်တို လို ဇာတ်သမားတွေပြန်ရင်( သေရင်)
နောင်လာနောင်သားတွေ
မှတ်သားစရာ အောက်မေ့စရာ
အမှတ်ရစရာ တွေ ကျန်သင့်တယ်……
လူချဉ်ဖတ်တော့ မဖြစ်စေနဲ့ပေါ့ဗျာ

(တကယ်တမ်းက ကိုယ့်ကိုယ် ကို ဆိုလိုခြင်းဖြစ်ပါသည်….
မည်သူကို မျှ စောင်းမပြောပါ တိုက်ဆိုင် မှုရှိပါ က ကဗျာရေးသူ၏ အပြစ်သာဖြစ်သည်….ဟီးဟီး……..။)

In: ကဗျာ Posted By: Date: Oct 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment