Professional Authors

ဗေဒါလမ်း (၂၈) – ပန်းဝင်နိုင်ပါရဲ့ (ဇော်ဂျီ)

ကျ ရေနဲ့ကြုံ၊ စုန်ရန်သာတကား။
မဗေဒါပြာလဲ့ဝင်းရယ်၊ ဆင်းချင်ရဲ့လား။

ဟိုကမ်းမှာ ခရာခြုံ၊ သည်မှာတုံ ပုံတံတား။
မဆင်းချင် မင်းဝင်တွဲ၊ ရဲလိုက်ပါလား။

အိုအချင်းကျူရိုးရှင်။
မိရာတွယ် မယ်မတွဲ၊ ရဲစိတ်မထင်။
စုန်ချိန်ကျပြီမို့
စုန်ရလည်းမယ့်လမ်းပင်၊ ပန်းဝင်နိုင်ပါရဲ့။
ပွင့်ဖူးစုံငုံတံနဲ့၊ ဆင်းလိုက်မယ် .. တဲ့။ ။

ဇော်ဂျီ

Comment #1

ဆရာ ဇော်ဂျီရေးတဲ့ ဗေဒါလမ်းကဗျာစု ကိုဘယ်မှာ ရှာဖတ်ရမလဲဟင် သိရင်ပြောပေးနိုင်မလား

commentinfo By: linko at Jun 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment