ငါတို့တော့ ဇာတ်ပျက်ပြီ သားကြီး။
ထင်ရာမြင်ရာ ပေါ်ပင်လမ်းကနေ
လိုင်စင်မဲ့ကဗျာတွေ ဖောဖောသီသီစီးဝင်လာမှတော့
ဒီမှာ ကဗျာဈေးကွက်ပျက်တာမဆန်းဘူး သားကြီး
ဝယ်လက်တွေ ခေါင်းခါလှည့်ပြန်နေတဲ့ situation ထဲ
မင်းတို့ ငါတို့လို အထက်ကဗျာကိုင်ထားတဲ့ကောင်တွေလည်း
သေပြီဆရာပဲ
အေး ဘာပဲဖြစ်ဖြစ်
ငါ့ကဗျာတွေကိုတော့ ရရာဈေးနဲ့ ထိုးမကျွေးနိုင်ဘူး
မင်းလည်း အောက်ကဗျာတွေ ဆင်းမကိုင်ရဘူး သားကြီး
ဒီအခြေအနေကို
ငါတို့ သည်းခံနိုင်ရမယ်
ငါတို့ ကျော်လွှားနိုင်ရမယ်
ဒါမှ
တစ်ချိန်ချိန်မှာ ငါတို့ လေချွန်နိုင်မှာပေါ့
လောလောဆယ်တော့
ဇာတ်ပျက်နေတဲ့ညနေခင်းထဲ
အစားထက် အသောက်ဘက်ဦးစားပေးရအောင်
မကောင်းဘူးလား သားကြီး..
(ကောင်းလင့်တည်း.ကောင်းလင့်တည်း.။)
Comment #2
ကိုတာကောတော့လုပ်ချလိုက်ပြန်ပြီး.ကောင်းတယ်ဗျာ
By: poem.poem28 at Jul 12, 2011
Comment #3
ထင်ရာမြင်ရာ ပေါ်ပင်လမ်းကနေ
လိုင်စင်မဲ့ကဗျာတွေ ဖောဖောသီသီစီးဝင်လာမှတော့
ဒီမှာ ကဗျာဈေးကွက်ပျက်တာမဆန်းဘူး သားကြီး
ကိုတာကောကောင်းတယ်။
By: ချမ်းငြိမ်းအောင် at Jul 12, 2011
Comment #4
(ကောင်းလင့်တည်း.ကောင်းလင့်တည်း.။)
(ကောင်းလင့်တည်း.ကောင်းလင့်တည်း.။)
(ကောင်းလင့်တည်း.ကောင်းလင့်တည်း.။)……
…………………
By: ကေသရီ at Jul 12, 2011
Comment #6
ပွဲစားလိုလိုနဲ့ စာပေမြတ်နိုးမှုတော့ အထင်းသား.
By: ဖိုးနမ်း at Jul 12, 2011
Comment #7
အိုးးးးးးးးးးးးးးးးးး..ကိုတာကောရေ..(မသိသေးတော့ အစ်ကိုပဲခေါ်တာပါ..)
ခင်ဗျားကဗျာက ဘာကိုများဆိုလိုလိုက်တာလဲဗျာ..၊ ခင်ဗျာပြောသလိုဆို ခင်ဗျားက တော့ အထက်တန်းကဗျာတွေ ကိုင်တယ်ဆိုတော့ ကျွန်တော်တို့က အောင်တန်းစားကဗျာတွေကိုင်တယ်ဆိုပါတော့…။
ဟုတ်ပါတယ်.. ကျွန်တော် မငြင်းပါဘူးဗျာ..။ ကျွန်တော်ကဗျာတွေက ညာဏ် မှီသလောက်သာ ဖော်ကျူးထားတာပဲလေ….။ ဒါပေမယ့် ခင်းဗျားကဗျာတွေကလဲ အထက်တန်းလို့ပြောလို့မရပါဘူး…။ ဘာလို့လဲဆိုရင် ခင်ဗျာက Pro တစ်ယောက်လဲမဟုတ်ဘူးလေ..၊ ခင်ဗျားထက် ထက်မြက်တဲ့ Pro စာရေးစရာတွေတောင်မှ တစ်ခါတစ်လေ အောက်ကဗျာ အနေနဲ့ျေရးကြသေးတာပဲ..။ကျွန်တော်တို့လည်း ဝါသနာတူခြင်းတွေပဲဗျာ.. ဒီလိုတော့ မနိမ့်ချသင့်ဘူးလို့ ဝေဖန်ချင်ပါတယ်….။ ကျွန်တော့် ရဲ့ ဆရာဆိုရင် နိုင်ငံကျော် Pro တစ်ယောက်မဟုတ်ပေမယ့် သင့်သလောက်တော့ လူသိများပါတယ်…။ သူတောင်မှ သူကဗျာတွေကို အကုန်အပြစ်ကင်းတယ်လို့ တစ်ခါမှ မကြွေးကြော် ဖူးပါဘူး…။ ကျွန်တော် အသိပါပဲ…။
ဒါကြောင့် …ဒီဆိုက်မှာ စာရေးနေကြတဲ့ ဆိုက်သူ ဆိုက်သား အချင်းချင်း ထိခိုက်စောင်းမြောင်း ခြင်းမ၇ှိစေလိုပါဘူးဗျာ…။ကျွန်တော်က ဝေဖနိတာနော်..။ အပြစ်ပြောနေတာမဟုတ်ဘူး…။ အရင်ကခင်ဗျားကဗျာတွေ ကတော့ အထက်တန်းမဟုတ်တာတောင် ကျွန်တော့် ကဗျာတွေထက်သာပါတယ်….။.ဒီကဗျာမှာတော့ ကျွန်တော်တို့လို တက်သစ်စ စာရေးသူတွေကို ထိခိုက်နေတော့ ကျွန်တော် က မသင့်ဘူးဆိုတာကို ဝေဖန်ပေးရုံ သက်သက်ပါ….။
ကျေးဇူးတင်ပါတယ်…အစ်ကိုတာကော.။
ကျွန်တော့် ကဗျာတွေရဲ့ လိုအပ်ချက်တွေကိုလည်း.. ဝေဖန်စေလိုပါတယ်….။
အားပေးနေပါတယ် အစ်ကိုတာကောရေ….။
စကားထဲမှာ ပြောတာလွန်သွားရင် ခွင့်လွှတ်ပေးစေချင်ပါတယ်….။
By: အောင်ရဲသူ at Jul 13, 2011
Comment #9
ကဗျာဆိုတာရင်ထဲကခံစားမှုအတိုင်းဖြစ်ပေါ်လာတဲ့အရာဗျ………….
By: May Kha at Jul 13, 2011
Comment #10
ရွံ့နဲ့ လုပ်တဲ့နှလုံးသားက ပန်းတွေပွင့်ရင် ကဗျာ ဟာ ကဗျာပဲ………….။
မပွင့်သေးရင်တော့………….။တာကော ရေ………..။
လမ်းလျှောက်ထွက်ကြရအောင်ကွာ
By: လူစိမ်း at Jan 16, 2013




Comment #1
ဇာတ်ပျက်နေတဲ့ညနေခင်းထဲ
အစားထက် အသောက်ဘက်ဦးစားပေးရအောင်