Professional Authors

မျှော်လင့်ဆဲ…

ပြိုးပြိုးပြက်ပြက်လင်းလက်နေတဲ့
ကြယ်ကလေးတွေ…..
အသည်းကွဲနေတဲ့ ငါ့ရင်ခွင်ကိုလှောင်ရီနေကြရော့သလား……
ညမနက်ဆက်ပြီး တိုးပွားနေတဲ့အလွမ်းတွေ
အမုန်းလက်နက် ထိမှန်လေတဲ့ငါ့ကို
နှိပ်စက်နေကြလေရော့သလား………..
ကြယ်တွေစုံရင်ပြောပေးပါ
ရင်ကွဲပက်လက်ငါ့ဘ၀ကို
ချေနင်းရက်စက်ခဲ့တဲ့ချစ်သူ
သံယောဇဉ်လက်ကျန်ရှိသေးရင်
မျှော်လင့်ဆဲအချစ်ဟောင်းရင်ခွင်ကို
တစ်ချက်လောက်တော့ ငဲ့ကြည့်လှည့်ပါဦးလို့………….

In: ကဗျာ Posted By: Date: Aug 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment