Professional Authors

ဂီတာလွယ်ရင်းသိဆိုဆဲ

ညဘက်ညဘက်
အပျက်အပျက်
နှိပ်စက်တဲ့အသံ
ဆူဆူညံညံနဲ့
ပတ်ဝန်းကျင်မျက်စောင်း
တစ်စေ့တစ်စောင်းကို
သူတို့ဂရုမစိုက်
ရူးရူးမိုက်မိုက်ပဲ
ဂီတာတီးတယ်။
မကျေနပ်လို့ထပြီးပြောလည်း
အိပ်ရေးပျက်မယ်
ခံစားပေါက်ကွဲ
သီချင်းကိုဘဲ
အာရုံထဲထား
သံစဉ်တေးသွား
နားထဲခါးရင်း
နူးညံ့တဲ့စိတ်
အာရုံဖိတ်လို့
မုဒိတာလေး
ဘေးမှာထားပေးပါ!မိတ်ဆွေ!
သင်တို့လိုဘဲ
အသွေးအသား
ဖွဲ့စည်းထားလို့
ခံစားတတ်တာ
အပြစ်မဆိုပါနဲ့
ပြောလည်းခန
ငါ့ရဲ့ဘ၀က
မိတ်ဆွေတို့လို
အတင်းမပြော
အပုပ်မချ
ဂီတာလေးတီး
သီချင်းလေးညီးပြီး
ညဘက်တွေမှာ
ဆိုငြီးမိတာ
အပြစ်ပဲလားမိတ်ဆွေ။
အမှောင်ကြိုက်လို့
အမိုက်မဆိုတာ
သင်တာခံစားတတ်ရင်
သံစဉ်တွေကို
အသည်းကိုရှိုက်သွင်း
ဒါမှတေးသွားအရသာ
တကယ်ရမယ်မိတ်ဆွေ။           ။
                                         သူငယ်ချင်းအတွက်

In: ကဗျာ Posted By: Date: Jul 9, 2011
Comment #1

သင်တို့လိုဘဲ
အသွေးအသား
ဖွဲ့စည်းထားလို့
ခံစားတတ်တာ
အပြစ်မဆိုပါနဲ့
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 9, 2011
Comment #2

သင်တို့လိုဘဲ
အသွေးအသား
ဖွဲ့စည်းထားလို့
ခံစားတတ်တာ
အပြစ်မဆိုပါနဲ့

ကောင်းပါတယ်
အပြစ်မဆိုပါဘူး…

commentinfo By: virus at Jul 9, 2011
Comment #3

really nice.

commentinfo By: eilay at Aug 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment