Professional Authors

၂၄ နာရီ

ဟန်ဆောင်မှုတွေအကြောင်း
နင့် ထက်ငါကောင်းကောင်းသိခဲ့လို့
အမှန်သက်သက်ကို ပြောခဲ့မိတာပါ…

နင့်ဘက်က မျက်ရည်
ဒီအမှန်တရားတွေအတွက်
ငါ့ ရင်ဘတ်ကို ပြန်အဆိပ်ခတ်ခဲ့တယ်…

မခေါ်ချင်သူနဲ့ မဝေးချင်သူကြား
နင်တားတဲ့ စည်းမျဉ်းက
သူငယ်ချင်းတဲ့

ငါ့ရဲ့  အလင်္ကာတိုင်းဟာ
နင်ဖြစ်ပါတယ်ဆိုတာ
နာရီအဆက်ဆက်က သက်သေခိုင်လုံပေမယ့်
နင်    ရှောင်လွှဲခြင်းနဲ့ ငြင်းခဲ့တယ်…

ခေါင်းလျှော်ရည်နံ့ကျက်စားတဲ့
နင့် ဆံနွယ်တွေကို ပြန်ဝင်စားရင်း
တည်ကြည်ခြင်းတို့နဲ့ စကားလုံးများ
နင် ပြန်ကြားနေဖို့ မေ့လျော့ခဲ့တယ်…

နင်သိပါတယ်..
ငါ မန်းမှုတ်လို့မရတာ 
နင် တစ်ယောက်တည်းရှိတယ်ဆိုတာလေ…

နင်ပြောသလို  ငါကခါးချင်ခါးလိမ့်မယ်..
အချိုလွန် သတိရခြင်းတွေနဲ့
နင် ကျေနပ်နေဖို့အတွက်
ငါ တာဝန်နဲ့ အနာဂတ်ကို ခဏတာ ကျပျောက်ခဲ့တယ်လေ…

သံလွင်လို ကောင်မလေး..
ငါ့ရဲ့မိန်းကလေး လွတ်လပ်စွာ စံပယ်ပါ…
တခါတခါ ဖုန်းထဲကသတိတရ
အမှတ်တရလက်ဆောင်
ငါ့နှလုံးသားရဲ့တဘောင်မှာ  န၀င်းတစ်လုံးထဲကပ်ပြီး
ပြန်စာလေးတစ်စောင်လောက် မေးလ်ပို့ပေးပါ…….

In: ကဗျာ Posted By: Date: Jul 9, 2011
Comment #1

ငါ့ရဲ့ အလင်္ကာတိုင်းဟာ
နင်ဖြစ်ပါတယ်ဆိုတာ
နာရီအဆက်ဆက်က သက်သေခိုင်လုံပေမယ့်
နင် ရှောင်လွှဲခြင်းနဲ့ ငြင်းခဲ့တယ်…
……..
နှစ်သက်..အားပေးသွားပါသည်..ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jul 9, 2011
Comment #2

မခေါ်ချင်သူနဲ့ မဝေးချင်သူကြား
သူတားထားတဲ့ စည်းမျဉ်းက
သူငယ်ချင်းတဲ့လား…….

commentinfo By: alan smith at Jul 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment