Professional Authors

အချစ်စမ်းပွဲ

မာယာမပါ

ပရိယာယ်မဆင်ဘဲ

မင်းချစ်ခြင်းကို

ငါရခဲ့ပေမယ့်…….

မသေမသပ်

လုယူမှုဖြစ်သွားတော့

မဆီမဆိုင်

ငါရှုံးခဲ့ရတယ်………

အစမ်းသပ်မခံနိုင်တဲ့

ငါ့နှလုံးသားက

နာကျင်စွာပြုံးပြီး

မင်းအချစ်ကို

မှန်းဆကြည့်တယ်……..

နိယာမ မရှိတဲ့

ပြိုင်ပွဲအဖြစ်

ငါတို့မာနတွေကို

အရောင်တင်ပြီး

ချစ်ခြင်းတွေကိုတော့

ဖွင့်ဟ၀န်ခံဖို့

မေ့လျော့ခဲ့တယ်……………

နောက်ကြောင်းပြန်

အလွမ်းတွေက

ကျွမ်းနေတဲ့

ငါ့နှလုံးသားကို

အရောင်တင်နေရဲ့……………

မမေ့နိုင်ခြင်း

သံသရာကလည်း

အပြန်ပြန်လည်ပြီး

ငါ့ရင်ဝကို

ထိုးစိုက်နေပြန်တယ်………

ချစ်ခဲ့ခြင်းတွေကို

အဓိပ္ပါယ်မဖွင့်ဆိုသူမို့

မင်းညည်းဆဲခဲ့တဲ့

ငါ့အချစ်တွေက

အတိတ်ရဲ့ဝေဒနာခါးပဲ……….

မဖိတ်ဘဲလာတဲ့မင်းနဲ့

မယုံမရဲချစ်ခဲ့တဲ့ငါ

နောက်ဆုံးတော့လည်း

ဝေးကွာခြင်းလှိုင်းဂယက်ထဲ

ကူးခတ်ရင်းနဲ့

ငါတို့အချစ်တွေကို

စမ်းသပ်ဆဲပဲနော်……………..

In: ကဗျာ Posted By: Date: Aug 24, 2010
Comment #1

nice poem

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment