Professional Authors

ချစ်တယ်အမေ

ကျွန်တော့်ဘဝ
ငယ်စဉ်က
အမေ့ရဲ့စကား
 ရင်ထဲထားပြီး
 အမေပြောသမျှ
 ဖြစ်အောင်လုပ်ခဲ့တယ်
အခုတော့
 အမေက
ကျွန်တော့်ကို
လမ်းညွှန်မှု
မပေးတော့ဘဲ
လောကကြီးထဲ
တစ်ယောက်တည်း
ယုံကြည်စိတ်ချထားခဲ့တယ်
အမေရယ်
သားအရမ်းဝမ်းနည်းတယ်
အခုတော့
အမေဖြစ်ချင်တဲ့
သူတစ်ယောက်ဖြစ်နေပြီလေ
အမေမမြင်နိုင်တော့ဘူးပေါ့
အမေ့ကိုမမြင်နိုင်အောင်လုပ်တဲ့
သေမင်းကို
သားရဲ့ရှေ့မှာတွေ့ခဲ့ရင်
အမေ့အတွက်
လက်စားခြေပေးမယ်………….”အမေ”
                                                 အမေ့ရဲ့အချစ်ဆုံးသား………….စိုး

In: ကဗျာ Posted By: Date: Jul 6, 2011
Comment #1

အမေ့ကိုမမြင်နိုင်အောင်လုပ်တဲ့
သေမင်းကို
သားရဲ့ရှေ့မှာတွေ့ခဲ့ရင်
အမေ့အတွက်
လက်စားခြေပေးမယ်………….”အမေ”..။
အရမ်းကောင်းပါတယ်…။
ကျွန်တော်လည်း အမေကိုချစ်တဲ့သူတစ်ယောက်ဆိုတော့ ခံစားပေးလိုက်ပါတယ်…yelaylover2010..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment