Professional Authors

ဒြပ်မဲ့လှိုင်းများ ( လူဆိုး )

ချစ်မြင်ရဲ့လား…..?

ကိုယ့်ရင်ဘတ်နဲ့ကိုယ့်အသည်း…

နေရာမလပ်အောင်ချိတ်ဆွဲထားလေရဲ့….

ချစ်ကိုလွမ်းတဲ့…ဒီအလွမ်းတွေ…

ခြေရာ…ခြင်းကိုထပ်လို့…

ချစ်ကြားရဲ့လား…..?

ကိုယ့်အသည်းကပြောတဲ့စကားတွေ…

နေရာမလပ်အောင်…လွင့်ပျံနေလေရဲ့…

ချစ်ကိုချစ်တဲ့…ဒီအချစ်တွေ…

ချစ်တယ်…ခြင်းကိုထပ်လို့…

တစ်နေဝင်..တစ်နေထွက်…

“ ကုန်ခဲ ”……တဲ့….ဒီနေ့ရက်တွေ..

ချစ်ခြင်း…ကိုတောင်ပံတပ်…

အလွမ်း….တွေတစ်ဖျတ်ဖျတ်ခတ်…

( ဒီလိုနဲ့ပဲ )…

နောက်တစ်ရက်နေထွက်တယ်….ချစ်သူ..

In: ကဗျာ Posted By: Date: Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment