Professional Authors

အတွင်းသေ သဘောမျိုးနှင့်

အတွင်းသေ သဘောမျိုးနှင့်

ဘာတွေလုပ်နေသလဲလို့ သူမေးတဲ့အခါ ဘာမှမလုပ်ပါဘူးလို့ပြန်ဖြေလိုက်ရင်
အဲ့ဒါဟာ ယုတ္တိမရှိတာပဲလို့ သူပြောတယ်
တစ်ခုခုတော့ ငါုလုပ်နေတာပေါ့ ဒါပေမယ့် အဲ့ဒီတစ်ခုခုက
ငါတစ်ခုခုလုပ်နေပါတယ်လို့ သူ့ကိုပြောရလောက်တဲ့အထိဖြစ်စေတဲ့ တစ်ခုခုမှမဟုတ်တာ
သူပြောနေကျလိုမျိုး အမှန်အတိုင်းပြောရရင်ဆိုတာလေးကို ကြားခံပြီးပြောရရင်တော့
ငါသူ့ကိုစောင့်နေတာပဲ ဒါပေမယ့်အဲ့ဒီလိုပြောလို့မှမရပဲ အဲ့ဒီတော့ ဘာမှမလုပ်ပါဘူးလို့ပဲငါပြောမယ်
သူတစ်မျိုးထင်ထင် နှစ်မျိုးထင်ထင် သုံးမျိုးထင်ထင်
ငါ့မှာအဲဒီစကားကလွဲလို့ တခြားပြောစရာမရှိဘူး…။
အဆင်ပြေရဲ့လားလို့ သူစကားစတဲ့အခါ အေးဆေးအားလုံးအိုကေလို့ပြောလိုက်ရင်
နင်အမြဲတမ်း ဒါပဲပြောနေတာပဲလို့ သူပြန်တုံပြန်မယ်
ဘယ်လိုလုပ်ငါအဆင်ပြေနိုင်မလဲ ဒါပေမယ့် အဲ့ဒီစကားက
သူ့ကိုအတွေးများစေမယ့် ငါ့ကိုသူပိုမြင်သွားစေမမယ့် စကားဖြစ်နေတယ်
တကယ်တော့ဆိုပြီးသူသုံးနေကျစကားလေးကို ရှေ့ထားပြီးပြောရရင်တော့
နင်မရှိတဲ့ငါ့မှာ ဘာမှမရှိဘူးလို့ပြောချင်တာ့ပေါ့ ဒါပေမယ့် မဖြစ်ပါဘူးလေ ဒါကြောင့်အိုကေတယ်ပဲပြောမယ်
သူစောက်ရူးလို့ထင်ထင် စောက်ပိန်းလို့ထင်ထင် စောက်ကြောင်လို့ထင်ထင်
ငါ့မှာပြောစရာရှိတာ ဒါပါပဲလေ…။

မြေနံ့

In: ကဗျာ Posted By: Date: Jul 3, 2011
Comment #1

ဟားးးးးးးး
မြေနံ့..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 3, 2011
Comment #2

သူစောက်ရူးလို့ထင်ထင် စောက်ပိန်းလို့ထင်ထင် စောက်ကြောင်လို့ထင်ထင်
ငါ့မှာပြောစရာရှိတာ ဒါပါပဲလေ…။

commentinfo By: အောင်ရဲသူ at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment