Professional Authors

ချစ်သူပေးတဲ့ “ အနမ်းလေးတစ်ပွင့် ” ( လူဆိုး )

“ အနမ်းလေးတစ်ပွင့် ”

ကျွန်တော် တောင်တွေအထပ်ထပ်ရှိနေတဲ့နေရာလေးကို

ရောက်မှန်းမသိရောက်နေတယ်..တောင်နံရံပေါ်မှာတွယ်ပြီးပေါက်နေတဲ့

တောပန်းလေးတွေဗျာ..လှလိုက်တာများ…

ပန်ချီကားတစ်ချပ်လိုပါပဲ…

ငေးရင်းနဲ့အရှေ့ကိုဆက်လျှောက်လာခဲ့တယ်..

အောက်ကိုငုံ့ကြည့်လိုက်တော့…ကျွန်တော့ဖိနပ်လေးမှာ

နှင်းလေးတွေရွဲလို့..အော်..ဆောင်းတွင်းတောင်ရောက်နေပြီကိုး..

တကယ်ဆို..ဒီလိုအေးတဲ့ဆောင်းရာသီမှာ..

အနွေးထည်လေးတော့ဝတ်လာသင့်တယ်လေ …

ရှေ့နားမှာတောင်ဂမူလေးတစ်ခုလှမ်းမြင်နေရတယ်..

ကျွန်တော့စိတ်ကူးထဲက..ချစ်သူနဲ့တူတူထိုင်တဲ့

တောင်ဂမူလေးပဲဖြစ်မှာပါ…ချစ်သူကစောင့်နေမှာလေ…

ဟော ….. တွေ့လိုက်ပါပြီ ..

တောင်ဂမူလေးကိုကျော်ကြည့်နေတဲ့ ..ချစ်သူရဲ့မျက်နှာလေး …

နည်းးနည်းဝေးနေပေမဲ့ ..ချစ်သူရဲ့မျက်နှာလေးကို

ကောင်းကောင်းလှမ်းမြင်နေရတယ်…

ရွန်းလဲတဲ့မျက်လုံး ..ဖြောင့်စင်းတဲ့ နှာတံ …

ဇင်ေ၇ာ်တောင်မျက်ခုံး .. အိုးးးးးး လှရက်လိုက်တာ ..ချစ်သူရယ်..

လေထဲမှာလွင့်မျောနေတဲ့ ဆံနွယ်လေးက

ရှည်လျားပြီးတော့ မည်းနက်တောက်ပြောင်နေတယ် …

တောင်နံရံမှာကပ်ပေါက်နေတဲ့ ပန်းတွေနဲ့အတူတူပြိုင်ပြီး

ကျွန်တော့ချစ်သူက …..အရမ်းကိုလှနေတယ် …

ကျွန်တော်လည်းအနားရောက်ရော .. ချစ်သူကတိုးတိုးလေးပြောတယ်..

“ အရမ်းချစ်တာပဲ” ကိုတဲ့ ….

နောက်ပြီးတော့ ခြေဖျားလေးထောက်လို့

ကျွန်တော့နဖူးလေးကိုနမ်းလိုက်သေးတယ်..

ကျွန်တော်လည်း နမ်းမယ်လို့ ဆိုပြီး ချစ်သူအနားကို

ကပ်လိုက်ရော … ကျွန်တော့ရှေ့ကို မြူခိုးတွေ

အုပ်ဆိုင်းသွားတယ် …..။

ကျွန်တော်လန့်နှိုးသွားတယ် … လက်ကလေးကလဲ ချစ်သူကို

နမ်းမဲ့ပုံလေးနဲ့ပေါ့…အော် …ကျွန်တော်အိမ်မက်မက်နေတာကိုး

အိမ်မက်ထဲမှာ ချစ်သူက ကျွန်တော့ကို “ အနမ်းလေးတစ်ပွင့် ”

လက်ဆောင်ပေးသွားတယ် …တကယ်လို့အပြင်မှာသာပေးခဲ့မယ်

ဆိုရင် ….ပေးခဲ့မယ်ဆိုရင် ….ပေးခဲ့မယ်ဆိုရင်

အရမ်းကိုပျော်ရွှင်ကျေနပ်စေမှာအမှန်ပါ …ချစ်သူ …။။။

In: ကဗျာ Posted By: Date: Jul 3, 2011
Comment #1

လူဆိုးရဲ့အိမ်မက်လေးပါ…ခင်ဗျာ….ဟိဟိ

commentinfo By: chityellusoelay at Jul 3, 2011
Comment #2

အရေးထဲကြော်ငြာလာဝင်နေသေးတယ်…..။
ကျွန်တော်လန့်နှိုးသွားတယ် … လက်ကလေးကလဲ ချစ်သူကို

နမ်းမဲ့ပုံလေးနဲ့ပေါ့…အော် …ကျွန်တော်အိမ်မက်မက်နေတာကိုး

အိမ်မက်ထဲမှာ ချစ်သူက ကျွန်တော့ကို “ အနမ်းလေးတစ်ပွင့် ”

လက်ဆောင်ပေးသွားတယ် …တကယ်လို့အပြင်မှာသာပေးခဲ့မယ်

ဆိုရင် ….ပေးခဲ့မယ်ဆိုရင် ….ပေးခဲ့မယ်ဆိုရင်

အရမ်းကိုပျော်ရွှင်ကျေနပ်စေမှာအမှန်ပါ …ချစ်သူ …။။။
အကောင်းဆုံးလို့ထင်ရတဲ့ စာသားလေးတွေပါ….။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #3

ဟိဟိ..ဇာတ်လမ်းကောင်းရင်ကြော်ငြာကဝင်တက်တယ်လေ…. 🙂

commentinfo By: chityellusoelay at Jul 5, 2011
Comment #4

ha..ha,,
really funny.
sweet dream;

commentinfo By: ei lay at Jul 27, 2011
Comment #5

ကျေးဇူးပါပဲနော် …အိလေးလဲအိမ်မက်လှလှလေးတွေမက်ပါစေဗျာ ..
လူဆိုးဆုတောင်းပေးပါတယ်နော် .. 🙂

commentinfo By: chityellusoelay at Jul 27, 2011
Comment #6

သက်ထားကိုလည်းအဲလိုချစ်တက်တဲ့လူတစ်ယောက်လောက်တွေ့ချင်လိုက်တာ …

commentinfo By: သက်ထား at Aug 7, 2011
Comment #7

တွေ့ပါစေလို့လူဆိုးဆုတောင်းပေးပါတယ်ခင်ဗျာ … 🙂

commentinfo By: chityellusoelay at Aug 7, 2011
Comment #8

😛

commentinfo By: ei lay at Jul 3, 2012
Comment #9

😛
😛
😛
😛
😛

commentinfo By: ei lay at Nov 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment