ရှုံး….မျက်ရည်….တချို့.ရဲ့……အက်.သံ
ကာရံတပွေ့တပိုက်နဲ့ဒီလူ
မာယာပြည့်နှက်နေသူရဲ့
အသဲခွဲ..ကစားတမ်းမှာ
ငိုခဲ့ရတာ…..သိပ်..မဆန်း..ပါဘူး။
ပုရိသကို…ယုံခဲ့လို့…
လဲခဲ့ရတဲ့..ဒီအသည်း
ပွဲကြမ်း…တဲ့အခါ…
ပုရိသတိုင်းးးကို..မုန်းမိတာ
လမ်းလွဲလျှောက်သူလို့…အမည်တပ်ခွင့်မရှိ..ဘူး။
အပြောင်းအလဲ..မြန်သော
အသင့်ထံသို့….ယောင်လည်ကာ
လှမ်းလျှောက်မိမှာ..စိုးထိတ်..
ခေါ်သံတွေကြားမှာ…လမ်းပျောက်ခဲ့တိုင်း
ငါ့……ကစားတမ်း..အ၀န်းအ၀ိုင်းမှာ
အရှုံး..ပိုက်တယ်…ယူဆခွင့်မရှိ….ဘူး.။
ကမ်းလင့်လက်ကို…မျှော်
(အဲဒါ..ငါ..မဟုတ်ဘူး….)
ယောင်ယောင်..တမ်းနေတဲ့..လက်
ဒဏ်ရာဒဏ်ချက်တွေကြား…..
သူ့အပြစ်..သူ..ဆေးကြောနေတယ်
နင်….လမ်းသင့်ဖို့..မလိုပါ။
လွမ်းတာ..ကဗျာ..တွေသိယုံ
ကျေနပ်…..
စာတွေရေးတိုင်းးငိုနေတတ်တာ..လည်း..
အကျင့်စရိုက်ပဲ….လို့
ငါယုံကြည်…..
နင်ဖတ်ပေးဖို့….မလိုအပ်ပါဘူး။
ငါမက်ခဲ့တဲ့အိပ်မက်တွေ
ဖျက်ခဲ့တဲ့နင်လည်း…..ရက်စက်မှုတွေကြား
ထုံကျင်လာတဲ့အခါ…
ငါ…မနှစ်သိမ့်ပေးနိုင်…ဘူး။
ငါ့ကိုမှ….မုန်းပြလို့
ဘယ်ကမ္ဘာမှာမှ..နင်…..
အသုံးကျသူစာရင်း..မ၀င်ဘူး
အကြိမ်ကြိမ်သတ်….လို့
ဒီရင်က..သံယောဇဉ်မပြတ်ခဲ့တိုင်း
……
ဘယ်နှခေတ်ပြောင်းပြောင်း..
အစွမ်းထက်သူ…ပြတိုက်…ထဲ
နင်…..လက်ပိုက်..ရပ်နေခွင့်မရှိဘူး။
နင့် မှ ချစ် တဲ့ ဒီ အသည်း
ငါ့ မာန နဲ့ တိုက်ပွဲမှာ…..
အသစ်အသစ်ဟစ်ခေါ်တတ်သော
နင့်..အကြောင်းသတင်း..
အကူအညီတချို့ကြောင့်….
စစ်ရှုံးလို့………ထိတ်တုံးခတ်
အမှောင်..ကမ္ဘာထဲ…ဒင်းးး ကျန်နေခဲ့ပြီ။
ငါ့အသည်းကို…ချချနင်းပြီး
နောက်တခါ….ငါ့ရှေ့….နင်..ထ..ထ…မလင်းနဲ့….
စစ..ချင်း..တုန်းကလို…နဖားကြိုးတပ်ထားတဲ့…နင့်အပိုင်..နွားမ..မဟုတ်တော့ဘူး။
ငါ့အချစ်နဲ့..နှိုင်းယှဉ်ကာ
နောက်တခါ…နင်..
ငါ့အ၀န်းအ၀ိုင်းမှာ…
အမိုက်စား..အသဲညှာလေးနဲ့……ဘောင်ကျော်ကော..၀ံ့ကြွား..မလာနဲ့
အချစ်မှား…လို့…ပြစ်..ထား..ခံရ..တဲ့အခါ…..
အရင်လို……….ဒူးထောက်ယုံနဲ့
ရင်ခွင်မှာ…ပွေ့ချီပိုက်ထား….နေမယ့်……မျက်ကန်းတစ္ဆေ..မ…မဟုတ်တော့ဘူး။
နင့်အတွက်..ကျခဲ့ရတဲ့..မျက်ရည်ခန်း..မျက်ဝန်းအိမ်အတွက်
ငါ့ကြောင့်…ခဏခဏ..မဲ့..ပြရတဲ့..နင့်နှုတ်ခမ်းတစုံနဲ့…
လဲလှယ်ချေဖျက်လို့….ထေ..ပ ခွင့်..မကျေနိုင်ဘူး။
အရှုံးတသိုက်..ကို..ပွေ့..ပိုက်..လို့..အမှောင်ကျတဲ့အခါ…..
ငါ…………………..ပထမ…ဆုံး………..ပြုံးရယ်ပြချင်ပါသေး………..။
နင်မရှိတော့တဲ့နောက်ပိုင်း……….
ငါ့မှာ…….မာန…တွေသာ..အရောင်ထွက်တော့တာ
…………………………..သတိတရ..နဲ့……….အသိရှိထားပါ။
နောက်ဘ၀ဆိုတာ..ရှိခဲ့ရင်…………
နောက်….တခါ..များ….ဆုံ..ခဲ့ရင်……..
စက်ရုပ်အသည်းနဲ့…ဒီလူ….
နင့်ကို………………
အငြိုး…အပြည့်…နဲ့..အတိုးချပြီး
မုန်းဖြစ်အောင်………….မုန်းလိုက်ပါဦးမယ်…။။.
နောက်တခါ………….ကျ…………..နင့်..အလှည့်…..ပေါ့။
Comment #2
မိုးရေ… အားပေးခဲ့ပါတယ်…….
By: May Kha at Jul 1, 2011
Comment #4
အရင်လို……….ဒူးထောက်ယုံနဲ့
ရင်ခွင်မှာ…ပွေ့ချီပိုက်ထား….နေမယ့်……မျက်ကန်းတစ္ဆေ..မ…မဟုတ်တော့ဘူး။
အဲဒါလေးကို တကယ်ကြိုက်သွားတယ်ဗျာ
By: နေသွေး at Jul 2, 2011
Comment #5
ပုရိသကို…ယုံခဲ့လို့…
လဲခဲ့ရတဲ့..ဒီအသည်း
ပွဲကြမ်း…တဲ့အခါ…
ပုရိသတိုင်းးးကို..မုန်းမိတာ
လမ်းလွဲလျှောက်သူလို့…အမည်တပ်ခွင့်မရှိ..ဘူး။
ငါ့ကိုမှ….မုန်းပြလို့
ဘယ်ကမ္ဘာမှာမှ..နင်…..
အသုံးကျသူစာရင်း..မ၀င်ဘူး
အကြိမ်ကြိမ်သတ်….လို့
ဒီရင်က..သံယောဇဉ်မပြတ်ခဲ့တိုင်း
……
ဘယ်နှခေတ်ပြောင်းပြောင်း..
အစွမ်းထက်သူ…ပြတိုက်…ထဲ
နင်…..လက်ပိုက်..ရပ်နေခွင့်မရှိဘူး။
မိုးရေ…..ကဗျာတွေတော်တော်ကောင်းတယ်ဗျာ
ခံစားချက်တွေတိုင်း မြင်နေရသလိုပဲ
အရမ်းထိရောက်တယ် စကားလုံးတွေက
အမြဲတမ်း ကေ အားပေးနေတယ်ဗျို့
By: ကေသရီ at Jul 2, 2011
Comment #7
မမိုး…ပြင်းထန်လိုက်တာဗျာ….
အရမ်းကောင်းတယ်။အားပေးနေပါတယ်။မမိုး….
By: poem.poem28 at Jul 2, 2011
Comment #8
အားပေးသွားတယ်ဗျ……
ကဗျာတွေပိုပို ကောင်းလာတယ်ဗျာ
ဘယ်တော့မှလက်မကျဘူး
……..အမြဲအားပေးနေပါတယ်…..:)
By: moehtetaung18 at Jul 2, 2011
Comment #11
ငါ့အသည်းကို…ချချနင်းပြီး
နောက်တခါ….ငါ့ရှေ့….နင်..ထ..ထ…မလင်းနဲ့….
စစ..ချင်း..တုန်းကလို…နဖားကြိုးတပ်ထားတဲ့…နင့်အပိုင်..နွားမ..မဟုတ်တော့ဘူး။
အရမ်းကို နှစ်သက်မိပါတယ် ( မ မိုး ) 🙂 🙂 🙂
By: လမင်းဇော် at Jul 3, 2011
Comment #18
နောက်ဘ၀ဆိုတာ..ရှိခဲ့ရင်…………
နောက်….တခါ..များ….ဆုံ..ခဲ့ရင်……..
စက်ရုပ်အသည်းနဲ့…ဒီလူ….
နင့်ကို………………
အငြိုး…အပြည့်…နဲ့..အတိုးချပြီး
မုန်းဖြစ်အောင်………….မုန်းလိုက်ပါဦးမယ်…။။.
နောက်တခါ………….ကျ…………..နင့်..အလှည့်…..ပေါ့။
တကယ်ကောင်းတဲ့စာသားလေးတွေပါ
By: ကြယ်စင်နတ်သမီး at Mar 19, 2012
Comment #19
phat loh dot a yan kaung dar pe ma moe ye,
arr lone le phat p yaw kyauk twar de,,,he,,he,,
e lo chit thu myo ya yin ei lay dot myan myan a tet to hmar pe,,a hote,
d poem ko phat p dot thu ko po p a hmat tway toe pay like p,po p chit twar p,,,
By: ei lay at Mar 19, 2012
Comment #20
ငါ့အသည်းကို…ချချနင်းပြီး
နောက်တခါ….ငါ့ရှေ့….နင်..ထ..ထ…မလင်းနဲ့….
စစ..ချင်း..တုန်းကလို…နဖားကြိုးတပ်ထားတဲ့…နင့်အပိုင်..နွားမ..မဟုတ်တော့ဘူး
<>
By: မာန်ခက်ဝင့် at Jan 7, 2013




Comment #1
စက်ရုပ်အသည်းနဲ့သည်လူး) အားပေးသွားပါတယ်