Professional Authors

ငါ….သိခဲ့တဲ့….နင်

 

ကောင်မလေး…..

မင်းမျက်ရည်တွေ ကျနေမှာလား

ဝမ်းနည်းနေမလား…..

ငါကအရူး…ဒါပေမယ့်

နင်မျက်ရည်ကျတာငါမမြင်ချင်ဘူး

ဝမ်းနည်းမနေရဘူး…

ဖြစ်နိုင်ရင် နင်ရီနေပါ….

နင်အမြဲရီနေတာလေးပဲ

ငါမြင်ချင်တာပါ……

ပျော်ဖို့မကောင်းတဲ့အကြောင်းအရာ

ဒါပေမယ့်….နင်စိတ်ညစ်ဖို့မလိုဘူး

နင့်အတွက်သူရှိမှဖြစ်မယ်လို့ထင်လား

နင်ရပ်တည်လာတာဘာအတွက်လဲ

သူ့အတွက်လား…..

နင့်အတွက်ဘယ်သူတွေရပ်တည်ခဲ့လဲ

ငါ….နင့်ဘက်ကိုရပ်ပေးနေတယ်

အချိန်မရွေး….အခါမရွေး…

နင်းနဘေးမှာငါရှိနေပေးမယ်

လဲကျစရာမလိုဘူး…နင့်နှလုံးသား

အဲလောက်နုလား..

ငါသိခဲ့တဲ့…နင်..ဆိုတာ

ရိုးရိုးလေးပါ…

ရီမယ်ပျော်မယ်….မျောကြမယ်…

နင့်အတွက်ဘာလိုသေးလို့လဲ

အားတင်းထားလိုက်ပါ….

လဲမကျအောင်လို့ပေါ့…….

ငါတို့အားလုံး…နင့်ဘေးမှာရှိနေသေးတယ်

 

In: ကဗျာ Posted By: Date: Jun 29, 2011
Comment #1

ငါသိခဲ့တဲ့…နင်..ဆိုတာ

ရိုးရိုးလေးပါ…

ရီမယ်ပျော်မယ်….မျောကြမယ်…

နင့်အတွက်ဘာလိုသေးလို့လဲ

အားတင်းထားလိုက်ပါ….

လဲမကျအောင်လို့ပေါ့……./

Comment #2

နင့်အတွက်ဘာလိုသေးလို့လဲ
အားတင်းထားလိုက်ပါ….
လဲမကျအောင်လို့ပေါ့…….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 29, 2011
Comment #3

တကယ်တော့
နင်က ငါ့အနာဂတ်ပါ
ငါရဲ့မျှော်လင့်ချက်လေးပေါ့
နင်မရှိတဲ့လမ်းဆို…ငါမလျှောက်ချင်ဘူး
နင်မပါတဲ့ခရီး..ငါမဆက်ချင်ဘူး
နင်မဟုတ်တဲ့လက်..ငါမမြဲချင်ဘူး… မိုက်တယ်ဗျာ……………ဒီထက်ကောင်းတဲ့ ကဗျာတွေဆက်ရေးနိုင်ပါစေဗျာ လာလည်သွားပါတယ် အသဲကွဲမိုးရေ…။

commentinfo By: မိုးဝေယံ at Jun 30, 2011
Comment #4

ကျေးဇူးပါ..နော်….အများကြီးကျေးဇူး…မိုးဝေယံ

commentinfo By: အသဲကွဲမိုး at Jun 30, 2011
Comment #5

ငါကအရူး…ဒါပေမယ့်

နင်မျက်ရည်ကျတာငါမမြင်ချင်ဘူး
အဟဲ..ကိုခန့်နောင်..အစားပြောပေးတာ…..

commentinfo By: အသဲကွဲမိုး at Jun 30, 2011
Comment #6

အပယ်ခံလူ

တွေ့ မြင်နေသူ ရင်ကိုပူ
အပူမီးခဲ မြင်သလိုပဲ
ရင်တွင်းသည်းပူ ကြဉ်သင့်သူ
လူစုဝေးထဲ မ၀င်ရဲ
ခင်မင်မဲ့သူ အပယ်ခံလူ။ ။
ယံဝေဟင် (ဝေါ)

commentinfo By: ယံဝေဟင် at Nov 22, 2012
Comment #7

အားပေးသွားပါတယ်…။ ။
အရမ်းကောင်းပါတယ်ရှင်တယ်။။။။

commentinfo By: kaythari at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment