Professional Authors

၂၁ ရာစုအလွမ်းခန်း

ငါနေတဲ့ ငါ့အခန်း
ငါတစ်ယောက်တည်းရယ်….။

ငါ့အခန်းမှာအမုန်းမထားဘူး
အချစ်နဲ့ အလှမဆင်ထားဘူး
အဲ့ဒီတော့…..
ကြယ်ရောင်မရှိ လရောင်မကြား…။

ငါဆုပ်ကိုင်ထားတဲ့လေ
အကြမ်းလားအနုလား…။

အစရှိတယ်အဆုံးရှိတယ်
ဒါပေမယ့်လွတ်လပ်တယ်….။

ငါပိုင်တဲ့ငါ့ကမ္ဘာကနေမရှိပေမယ့်
မနက်ရှိတယ် ညရှိတယ်
မနက်ဖြန်အတွက်ပူစရာမရှိ…။

ငါ့ဘ၀ငါ့ဒဿန
ငါ့ကိုယ်ပိုင်ဖြစ်တယ်
ဇာတ်လမ်းဆင်ပြီးကခိုင်းမယ်
လက်ခုတ်မတီးချင်နေပါစေ….။

ငါမမြင်ရတဲ့ ငါ့မျက်နှာ
ဘယ်သူ့ ကိုမှလည်းမြင်ခွင့်မပေးဘူး….။

အရောင်မရှိတာက
ဆေးရောင်စုံပန်းချီးကားထက်
တန်ဖိုးရှိလိမ့် မယ်…။

စကားလုံးမရှိတဲ့ ကဗျာ
စာပါရင်ပြီးရော
ဘယ်သူမှစည်းမကျော်ချင်နေ
ငါပဲလက်မြှောက်မယ်…။

ဘယ်လောကမှငါမပိုင်ချင်တော့
ငါ့ကမ္ဘာ ငါ့ဘဝ
ငါ့ကိုယ်ပိုင်အကျည်းထောင်မှာ
ငါ့ကိုယ်ငါအကျည်းချ….။

In: ကဗျာ Posted By: Date: Jan 30, 2013
Comment #1

>__<

commentinfo By: ei lay at Jan 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment