Professional Authors

အမှန်တရား

ဖြစ်ချင်တာထက် ဖြစ်သင့်တာတဲ့

အခုလောလောဆယ်

ဖြစ်သင့်တာကတစ်ခြား ဖြစ်နေတာကတစ်ခြား

လုပ်ချင်တာထက် လုပ်သင့်တာတဲ့

အခုလောလောဆယ်

လုပ်သင့်တာကတစ်ခြား လုပ်နေတာကတစ်ခြား

အနေအထိုင်မတတ်တဲ့ဦးစားပေးမှုတွေကြောင့်

ဘ၀မှာ မမျှော်လင့်တာတွေ် ဖြစ်လာလွန်းလို.

မျှော်လင့်တဲ့အတိုင်းဖြစ်လာရင်တောင် ..

  ဘာမှမမျှော်ချင်တော့ဘူး …

ပြည်.စုံမှုတွေနဲ.ရှင်သန်နေတဲ့ ယုန်တစ်ကောင်ထက်

သင်းကွဲ ကျား တစ်ကောင် လိုရှင်သန်ချင် တယ် …

အနာဟောင်းက မကျက်သေး ဖူး

ဒဏ်ရာအသစ်တွေက ထပ်ရ

ရှုံးနိမ့်ခြင်းဆိုတာ ငယ်ပေါင်းကြီးဖော်မို.

နာကျင်ခြင်းက အရသာရှိရှိ  ခါး …လာ …တယ်

မတည်မြဲတဲ့လောကကြီးမှာ

ဒုက္ခဆိုတာ ….. ငါ့  အင်  အား    …….။         ။

 

ရာဖြိုး

In: ကဗျာ Posted By: Date: Sep 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment