Professional Authors

တဖတ်သတ်

အကြောင်းပြချက်မရှိစွာ

ချစ်ခဲ့တဲ့ ချစ်ခြင်းမှာ . . .

သူမကလည်း

အကြောင်းပြချက်မရှိစွာ

မချစ်ခဲ့ ပြန်ဘူး . . .

ကိုယ့်မှာ မပြောင်းလည်းတဲ့ ရာသီဥတုတွေပဲ

ချစ်ခြင်းတရား . . .

ရွာသွန်းတယ် ။

ကိုယ့်မှာ မပြိုလဲတဲ့ မှတ်တိုင်စိုက်ထူခြင်းပဲ

အလွမ်းမြို့ ရိုး . . .

ခိုင်မြဲတယ်။

ဘယ်သူမှသိဖို့ မလိုအပ်တော့

ကိုယ်ကလည်း ဒီအတိုင်းပဲ ခံစား . . .

ဒီအတိုင်းပဲ ချစ်နေမယ် ။

ဘယ်သူမှ မသိတဲ့ အနမ်းတွေနဲ့ တော့

သူမကို ခိုးနမ်း မိပါရဲ့ 

လက်တွေ့ ဖြစ်မလာတာကလွဲရင်. . .

ငါ . . လိမ်မပြောပါဘူး

သူမကိုဆို

အမျိုးမျိုး ချစ်တယ် ။

PSHtun( လင်းထွန်း) 27.3.2009

In: ကဗျာ Posted By: Date: Jun 24, 2011
Comment #1

သူမကိုဆို

အမျိုးမျိုး ချစ်တယ် ။ ။
ကြိုက်တယ်…။

Comment #2

😛
😛
paw tin pyaw like pop,

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment