Professional Authors

ရှောင်ရှားခြင်း

 

မလှမပနဲ့ ဖိတ်ကျလာတဲ့အနမ်းတစ်ချို့ကို

ပြက္ခဒိန်ထဲမှာ လက်ချိုးရေကြည့်မိတော့

သစ်လွင်တောက်ပစွာ လှုပ်ရှားနေလေရဲ့

ကြည့်စမ်း….ကြည့်စမ်း……

အရောင်တွေကို စိုပြေလို့

ငါတို့စောလွန်းခဲ့ကြတယ် ။                  

 

သတိတရနဲ့ ထုတ်ကြည့်လိုက်မိတယ်

အချစ်သင်္ကေတပါတဲ့ ပုလင်းခွံတစ်လုံး

နာကျင်မှုနယ်စပ်မှာ တင့်တယ်စွာရှိနေလေရဲ့

ကြည့်စမ်း…..ကြည့်စမ်း……

အထဲမှာ လူလေးတစ်ကောင်

ငါအသိနောက်ကျခဲ့တယ်                   

 

ချိုအီနေပီဖြစ်တဲ့ နောင်တတွေကိုပဲ

ငတ်မွတ်နေတဲ့ သူရူး  တစ်ယောက်လို

မြိန်မြိန်ရှက်ရှက်   စားသုံးလိုက်တော့မယ်

နောင်   တစ်ချိန်မှာ  မတမ်း   တ မိအောင်ပေါ့…………

(တစ်ချိန်ကမိုက်မဲမှုများအတွက်)

………………။။။။။။။။။။………………

In: ကဗျာ Posted By: Date: Jun 20, 2011
Comment #1

ချိုအီနေပီဖြစ်တဲ့ နောင်တတွေကိုပဲ

ငတ်မွတ်နေတဲ့သူရူးတစ်ယောက်လိုပဲ

မြိန်မြိန်ရှက်ရှက် စားသုံးလိုက်တော့မယ်

နောင် တစ်ချိန်မှာ မတမ်း တ မိအောင်ပေါ့…………

(တစ်ချိန်ကမိုက်မဲမှုများအတွက်)

………………။။။။။။။။။။………………

commentinfo By: အသဲကွဲမိုး at Jun 21, 2011
Comment #2

ချိုအီနေပီဖြစ်တဲ့ နောင်တတွေကိုပဲ

ငတ်မွတ်နေတဲ့ သူရူး တစ်ယောက်လို

မြိန်မြိန်ရှက်ရှက် စားသုံးလိုက်တော့မယ်

နောင် တစ်ချိန်မှာ မတမ်း တ မိအောင်ပေါ့…………

(တစ်ချိန်ကမိုက်မဲမှုများအတွက်)

………………။။။။။။။။။။………………
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment