Professional Authors

လွှဲဖယ်မိတဲ့ အကြည့်တစ်ခုကြောင့် (၃- အခန်းသစ်)(PC ဟောင်းတွင် မပါသော အပိုင်းများ)

အခန်း (၇)
အမှောင်ကျတဲ့ နေ့ည

မျက်ဝန်းဆိုတာ နှလုံးသားရဲ့ပြုတင်းပေါက်
ခံစားချက်တွေရဲ့သတင်းကို ရောင်းစားရာနေရာ။
အသင် မျက်ဝန်းများဖွင့်ကာ ကျုပ်ဘက်သို့ကြည့်လှည့်ပါ။
အသင့် နှလုံးသားနှင့်ခံစားချက်များတွင် ကျုပ်အား မသိစေလိုသည့်အရာများ ရှိနေပါလား။
ကျေးဇူးပြု၍ မျက်ဝန်းများဖွင့်ကာ ကျုပ်ဘက်သို့ကြည့်လှည့်ပါ။
………….
သတင်းအမှောင်ချထားတဲ့ အသင်
စိတ်အတွင်းရှိသမျှ ကျုပ်ရဲ့စကားလုံးများကို
အသင့်ရဲ့နှလုံးသားကြားနိုင်မယ့် လှိုင်းသံနဲ့ရေဒီယိုအသံလွှင့်သလို လွှင့်ထုတ်ပေးနိုင်ခဲ့ရင်
………
…………….
……………….. ကြားလိုက်လား အသင်။
အသင်…အပြင်မှာနေတွေပူတယ်။
အိမ်ထဲမှာလဲ ရေနွေးငွေ့နံ့တွေတောင် ရနေသလိုလို…။
ကျုပ်၏စကားလုံးများ အသင့်ကို နှောက်ယှက်နေကြပါသလား။
ကျေးဇူးပြု၍ ခွင့်လွှတ်ပါ အသင်။
အသင် ရေပြင်နားတွင် မှေးစက်လိုက မှေးစက်ပါလေ။
အသင် မှန်ပြင်ထက် အတွေးများနေက များပါလေ။
အသင် ကျုပ်စကားကြောင့် စိတ်ကူးအတွေးထဲ အေးပါစေ။

ထိုနေ့ညများက ကျွန်တော် နှင့် သူ၏အကြား ပကတိပျက်တောက်သော ဆက်သွယ်မှု ရှိခဲ့ကြသည်။ မက်ခဲ့သည့် ညနေခင်းအိပ်မက်၏ အပြစ်တင်သံတို့ နံရံထက်ပဲ့တင်နေသလိုလို…။ ကျွန်တော့်မှာ စုံလင်တဲ့ချစ်ခြင်း မရှိခဲ့ဘူး။ ဒါကြောင့် လဲ မဝံ့မရဲအကြည့်တစ်ခုရဲ့ အကျိုးဆက်အဖြစ် ခုတော့ ဥပေက္ခာကိုသာ သိခွင့်ရနေတယ်။ ရှေးစာပေတစ်ခုက ဆိုတယ် စုံလင်သောမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် လုံးလုံးကင်းစင်၏ တဲ့လေ။
ကြောက်ရွံ့ခြင်းကလည်း ဥပေက္ခာတရားကို မွေးထုတ်ပေးတတ်တယ်။ ကြောက်လို့ ဝင်ရောက်စွတ်ဖက်မှုမရှိဘူး။ ကြောက်လို့ အားနည်းသူကို မကူညီဘဲ မသိယောင်ဆောင်မယ်။ ကျွန်တော်လည်း စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတစ်ခုကို မဝံ့မရဲစိတ်တစ်ခုနဲ့ ဥပေက္ခာပြုလွှဲဖယ်ခဲ့တယ်။
တိတ်ဆိတ်ခြင်း၏
ဆူညံမှုသည်
ကျယ်လောင်လွန်းသည်။
ဆိုခြင်းမှာ မှန်သောအဆိုတစ်ခုပါလား။

အပြစ်ဆိုမယ်ဆို ဆိုပါ။ ကာလဒေသခြားတစ်ခုမှာ ထားရှိခဲ့ဖူးတဲ့ အသင့်ရဲ့ချစ်မေတ္တာစိတ်ကို တစ်ခေါက်လောက်ဖြင့် အသင်အိပ်ရင်းမက်စေပါ ဆုတောင်းမိတယ်။

In: ဝတ္ထု Posted By: Date: Apr 23, 2010
Comment #1

unbrave

commentinfo By: ei lay at May 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment