Professional Authors

အတုံ့အလှည့်

လောက၀ယ်မာယာကြွယ်တဲ့

ကြမ္မာရဲ့ရိုက်ချက်ဒဏ်

မိုက်သက်နဲ့ ခံကာနေတယ်

သံသရာရှည်လှည့်။

ကြွယ်ဝခိုက်မာနထူတယ်

ငါတစ်မူစွဲလို. ထူခဲ့။

စာနာမှု မပြုပါတယ်

ငါ့ဖို့သာ အရေးပါခဲ့။

ကရုဏာ ကင်းမဲ့လို့

ငြူစူခဲ့ များအပေါ်။

လောကဓံ အတုံ့အလှည့်မှာ

ကြုံလာခဲ့ ဆင်းရဲကံပေါ်။

ညှိုးရော်နွမ်း လမ်းကြမ်းပေါ်ဝယ်

အလှမ်းမတော်နိုင် သည်မို့

စိတ်ဓာတ်တို့ မခိုင်နိုင်

လဲပြိုလို့မှိုင်။

ကြိုးစား၍ မထူနိုင်တယ်

သေသည့်တိုင် ဆင်းရဲစွာပေါ့လေး…။


In: ကဗျာ Posted By: Date: Jun 17, 2011
Comment #1

နားလည်ဖူး မော်ဒန်ကဗျာနားလည်တဲ့ငါတောင် နားမလည်တော့ဘူး လေပြည်အေးရေ အပေါ်ပိုင်းလေးပဲနားလည်တယ်

commentinfo By: မိုးသစ်လေပြေ at Jun 17, 2011
Comment #2

လောက၀ယ်မာယာကြွယ်တဲ့

ကြမ္မာရဲ့ရိုက်ချက်ဒဏ်

မိုက်သက်နဲ့ ခံကာနေတယ်

သံသရာရှည်လှည့်။

ကြွယ်ဝခိုက်မာနထူတယ်

ငါတစ်မူစွဲလို. ထူခဲ့။

စာနာမှု မပြုပါတယ်

ငါ့ဖို့သာ အရေးပါခဲ့။

ကရုဏာ ကင်းမဲ့လို့

ငြူစူခဲ့ များအပေါ်။

လောကဓံ အတုံ့အလှည့်မှာ

ကြုံလာခဲ့ ဆင်းရဲကံပေါ်။

ညှိုးရော်နွမ်း လမ်းကြမ်းပေါ်ဝယ်

အလှမ်းမတော်နိုင် သည်မို့

စိတ်ဓာတ်တို့ မခိုင်နိုင်

လဲပြိုလို့မှိုင်။

ကြိုးစား၍ မထူနိုင်တယ်

သေသည့်တိုင် ဆင်းရဲစွာပေါ့လေး…။

Leave Comments

Name*

Email*
Website
Email me whenever there is new comment