Professional Authors

အလင်းကွဲညရဲ့ ကယ်တင်ရှင်လမင်းလေး

အလင်းကွဲညရဲ့ ကယ်တင်ရှင်လမင်းလေး

အလင်းတွေ ကျိုးကြေသွားတဲ့အခါ
လမင်းဟာ ပေါ်လာနိုးနိုး ကိုယ်မျှော်ကိုးခဲ့မိဖူးတယ်။

ဆန္ဒတွေ မဖြစ်လာနိုင်မှန်း သိပေမယ့်
ကိုယ်ဟာ နေ့စဉ် ရူးသွပ်နေမိဆဲပါ။

အတ္တတွေ ဆေးကြောပြီး ပူဇော်လိုက်ရပေမယ့်
ရင်ဟာ နွမ်းကြေမောလျနေဆဲပါ…ချစ်သူရယ်

စည်းတစ်ဖက်ခြားမှာ ရှိနေပေမယ့်
ရင်ခုန်သံတွေ စည်းချက်မညီသေးတာ ကိုယ်သာ အသိဆုံးပါလေ။

စည်းပြင်က လူတစ်ယောက်အတွက်
စည်းထဲဝင်ဖို့ ရူးသွပ်မိတာ ကိုယ့်အမှားပါပဲလေ။

ဒီလိုနဲ့ပဲ

ပျိုးထားတဲ့ ပန်းလေးတစ်ပွင့်ဟာ တစ်ပါးသူရင်ခွင်မှာ လန်းရွှင်လို့ နေလျက်ပေါ့…..
အရင်ရောက်နှင့်နေပေမယ့် မလှမ်းခဲ့တာ ကိုယ်အလို့ မဟုတ်ရပါဘူး..ချစ်သူရယ်…။
မခူးရက်တာပါ။

In: ကဗျာ Posted By: Date: Oct 17, 2010
Comment #1

စည်းတစ်ဖက်ခြားမှာ ရှိနေပေမယ့်
ရင်ခုန်သံတွေ စည်းချက်မညီသေးတာ ကိုယ်သာ အသိဆုံးပါလေ။

ပျိုးထားတဲ့ ပန်းလေးတစ်ပွင့်ဟာ တစ်ပါးသူရင်ခွင်မှာ လန်းရွှင်လို့ နေလျက်ပေါ့…..
အရင်ရောက်နှင့်နေပေမယ့် မလှမ်းခဲ့တာ ကိုယ်အလို့ မဟုတ်ရပါဘူး..ချစ်သူရယ်…။
မခူးရက်တာပါ။

အဲဒီ စာသားလေးတွေ ပိုကြိုက်တယ် … ဆက်ရေးနော် အားပေးနေတယ် …………..

commentinfo By: nyimalay at Oct 24, 2010
Comment #2

🙂
Muito obrigado !

commentinfo By: yusan at Nov 6, 2010
Comment #3

ne ne nyant de naw,
he,,he.. 🙂

commentinfo By: ei lay at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment