စတိုလ်ကျတဲ့ ချစ်သူ
အမူအရာက ပင်
လူတကာငေးရလောက်၏..။
ပြောဟန်ဆိုဟန်မှာ
တစ်ရာတွင် တစ်ယောက်သာရှိမည့် အထာ..။
လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ
တစ်ခါလှမ်း ပန်းတစ်ပွင့် ပွင့်သည်နှယ်..။
သူနှုတ်ခမ်းတွေက စကားခြွေလိုက်ပုံက
ကျွန်တော်ရဲ့နွေဘဝ ထဲ
စကားချိုချို မိုးသည်းလိုက် သလိုပင်..။
သူပြုံးလိုက်လျှင် ရွင်လာသောရွှေမျက်နှာမှာ
စိန်သရဖီ မိုး သွန်းဖြိုးမည့် အသွင်..။
သူစိတ်မှာအလိုမကျ ရှုံ့တွနေတဲ့သူ့မျက်နှာ
ကျွန်တော့်ရင်မှာ မြင်ပါဘိတယ်
သိရိကျက်သရေ နှင်ပြည့်ဝတဲ့
အလှမျက်နှာ လိုပင်..။
လှရက်နိုင်လွန်းသူကိုမှ
ဘယ်လိုလူတွေက မနာလိုကြပါဘိတယ်
တကယ်ဆိုရင်
ဘယ်သူတွေ ဘယ်လိုပင်
ငြိုငြင်ကြပါစေ….
အနေအေးအေး
ရင်မှာနွေးတဲ့ သူလေးရဲ့ရင်မှာ
တစ်သက်စာ ခိုလှုံချင်မိတယ်…။
သူ့ရဲ့ဟန်ပန်က
တကယ်ကို လန်ထွက်နေပြန်
ကြံကြံဖန်ဖန် လှရက်ပါပေတယ်
တကယ်ဆိုရင် သူဟာ
ကျွန်တော့်ဘဝမှာ
တစ်ခါသာကြုံရပြန်တဲ့
စတိုင်လ် ကျလှတဲ့ ချစ်သူ…။ ။
ဇော်သက်ဦး
Comment #3
ကောင်းပါ၏ … လှနိုင်လွန်းတယ်.. လှရက်တယ်… လန်းတယ်… ငါ့ညီ
By: Nayihtet at Jun 16, 2011
Comment #7
စာသားလှတာကိုတော့လက်ခံပါတယ်..။ညီတို့ဖတ်ရတာကိုး…။ချစ်သူလှတာတော့လက်မခံဘူး..။တွေ့မှမတွေ့ရတာ…။ဟုတ်တယ်နော် ကိုဇော်သက်ဦး..။
By: နတ်ဆိုလေး at Jun 22, 2011
Comment #8
ဟုတ်တယ် ..။
By: မိုးဆွေ at Jun 22, 2011
Comment #12
ဟား… မိုက်တယ်ကွာ… စကားလုံးတွေက… အလန်းပဲ… ဘူ့လဲ.. စတိုင်ကျတဲ့ချစ်သူလေးက…
ဘယ်လောက်ထိလှလို့လဲ… ဒီမမတော့ မှီမယ်ထင်ဘူးနော်.. ဟိ စားသွားပြန်ပြီ… အဟက်…
By: sandi at Jun 27, 2011
Comment #14
ဟုတ်မှာပါ.. ဒါပေမယ့် မင်းအတွက်ဆိုရင်ပဲပေါ့….
By: sandi at Jun 27, 2011
Comment #16
ဆန်ဒီတို့ မေခတို့ အမြဲစိမ်း၊ပန်းချစ်သူ၊နတ်ဆိုးလေး၊မိုးဆွေ၊မင်းသူစိုး
ever ပဲပါတယ်နော်…ကဗျာတိုင်းတက်ပေးတယ်….ကဗျာတင်မှာသိလို့ ဘေးကနေ ကွန်မန်းပေးဖို့စောင့်နေတာလားမသိဘူးနော်….ဒါမှမဟုတ်…ကဗျာတင်ပြီး အကောင့်တစ်ကောင်းပြီးတစ်ကောင့် ၀င်ပြီး ကွန်မန်းပေးတာဖြစ်မယ်…
By: တစ်စုံတစ်၇ာ at Jul 2, 2011
Comment #18
har,,,,,,,,,,,
d lout taung hla lar?
hint,,,,ma yone bu,,ma yone bu,,
pya,,,pya,,,pya,,,
lat tway myin ya hma yone me.
he,,he,,
By: ei lay at Aug 16, 2011
Comment #19
read again,,
feel again.
😛
By: ei lay at Jun 15, 2012




Comment #1
ဟားးးးးးးး
goodတယ်ဗျာ…..