Professional Authors

သိခဲ့ပါတယ် ချစ်သူ

သိခဲ့တယ် ကို
မုသားအင်္လကာ၊ ညှာတာစိတ်ကင်း
ရင်ကိုခွင်းသို့၊ ပြောမထွက်
ဆို့နစ်စေ စကားတို့ကတဆင့်

သိခဲ့တယ် ကို
အကြင်နာရိပ်၊ တိုးတိုးတိတ်ကို
လှစ်ခနဲ ရိပ်ခနဲ
တွေ့မလားရှာဖွေ ဗျာပွေပေမဲ့
ခံစားချက်မဲ့ အေးစက်စက်
မျက်ဝန်းတို့ကတဆင့်

သိခဲ့တယ် ကို
ဘယ်လိုပင်ငြင်း ဟန်ဆောင်တင်းလည်း
ခံစားမှုအသိ ရင်ထဲထိက
ဆဋ္ဌမရုံ ဖွင့်လှစ်ဆိုတော့
နာကျင်စွာနဲ့ သိနေခဲ့တယ်
နှလုံးသားနဲ့မြင်နေခဲ့တယ်

တွယ်တာစိတ်ရင်း မြတ်နိုးခြင်းနဲ့
နက်ရှိုင်း စုံမက်မဟုတ်ဘူးဆိုတာ
သိခဲ့ရပါတယ် ချစ်သူ
နလုံးသားနဲ့ တကယ်မချစ်ခဲ့တာ

In: ကဗျာ Posted By: Date: Mar 6, 2014
Comment #1

မုသားအင်္လကာ၊ ညှာတာစိတ်ကင်း
ရင်ကိုခွင်းသို့၊ ပြောမထွက်
ဆို့နစ်စေ စကားတို့ကတဆင့်…..

commentinfo By: Mg Pi at Mar 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment