Professional Authors

သင်..မရှိချင်တော့သော….ကျွန်ုပ်ကမ္ဘာ

 

သင် ….
ကျွန်ုပ်အနား…မရှိတော့မှန်း
……………..သေချာသွားသည့်နေ့မှစ
အရင်လို စိမ်းလန်းသော..သစ်ပင်ခြေရင်းမှ
ရော်ရွက်ဝါတို့ မြင်တိုင်း
အရင်ကဲ့သို့…သဘာဝဟု မထင်
ရွက်ဝါကဲ့သို့ ..ကိုယ့်အချစ်..မင်း..ခြွေချခဲ့လို့……….မျက်ရည်…၀ိုင်း….။

 
သင် ….
ကျွန်ုပ်အနား…မရှိတော့မှန်း
……………..သေချာသွားသည့်နေ့မှစ
အရင်ကတည်းက..
အပြာရောင်သန်းတဲ့ကောင်းကင်..အခုတော့
မော့မော့ကြည့်မိတိုင်း
အရင်ကဲ့သို့..ကြည်ပြာရောင်မမြင်…..
အထီးကျန်မှုတွေသာ….မြင်လို့…
ကိုယ့်`ကောင်းကင်မှာ မလင်းချင်တဲ့ ကြယ်လေးအတွက်
အသိတရားတို့…..ထုံထိုင်း…………။

သင် ….
ကျွန်ုပ်အနား…မရှိတော့မှန်း
……………..သေချာသွားသည့်နေ့မှစ
အရင်လို..လူပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ
ကောင်းဆိုး ပြစ်တင်ချီးမွှမ်း ခြင်းအား
ဖြစ်လေ့ဖြစ်ထ ဟု…..မယုံကြည်နိုင်တော့
သရော်..လှောင်သံ တို့သာ…ကြား……….
………အား..ငယ်….ခြင်း…တွေ….ဖြာ..။

သင် ….
ကျွန်ုပ်အနား…မရှိတော့မှန်း
……………..သေချာသွားသည့်နေ့မှစ
အရင်လို…မညီမညာ..လမ်းသွားထက်
…..အရင်ကဲ့သို့…မလဲသွားဖို့…ထိန်း မနိုင်တော့
ယိမ်းယိုင်ခဲ့တော..ကတိစကားများ……အတွေးထဲ လွင့်ပျံ့လို့လာ
မျှော်လင့်ချက်တို့…တိမ်း……..ပါး….သွား……..။

သင်…..
ကျွန်ုပ်အနား…..မှ..ခွဲခွာခဲ့သော..နေ့ရက်က စ…..
အရာအားလုံး…အမှားမှား အယွင်းယွင်း
သတိတရားကင်းစွာ……………
…………………..
…………………….
အတိတ်တွေထဲ ပြောင်းပြန်..ခြေလှမ်း
အထီးကျန်ခြင်း အမိုးကာများနဲ့
………….

ကျွန်ုပ်….အိပ်မက်အသေတွေ….၀ယ်လိုက်..စု လိုက်
……….မျှော်လင့်ချက် အပဲ့အကြွေများ….ဆက်လိုက်..တပ်လိုက်
အနာဂတ်များစွာ..သဂြိုလ်….
အရိပ်တွေထဲ…ပိတ်လှောင် နေခဲ့……
……………………………………

အတိတ်မှာသာနေထိုင်……….
မနက်ဖြန်များ ပျောက်ဆုံး…….ခဲ့ပြီဖြစ်သော

ကျွန်ုပ်ထံသို့…….
..
…………….အခုအခါတွင်………..
သင်………………ပြန်လာဖို့………………...(မတောင်းဆို) မလိုအပ်တော့ပါ။

 

In: ကဗျာ Posted By: Date: Jun 3, 2011
Comment #1

ကျွန်ုပ်….အိပ်မက်အသေတွေ….၀ယ်လိုက်..စု လိုက်
……….မျှော်လင့်ချက် အပဲ့အကြွေများ….ဆက်လိုက်..တပ်လိုက်
အနာဂတ်များစွာ..သဂြိုလ်….
အရိပ်တွေထဲ…ပိတ်လှောင် နေခဲ့……
……………………………………
အတိတ်မှာသာနေထိုင်……….
မနက်ဖြန်များ ပျောက်ဆုံး…….ခဲ့ပြီဖြစ်သော
ကျွန်ုပ်ထံသို့………
…………….အခုအခါတွင်………..
သင်………………ပြန်လာဖို့…………………(မတောင်းဆို) မလိုအပ်တော့ပါ။

မိုးရေ……ကဗျာတွေက ထိတယ်ဗျာ…..အရမ်းကောင်းလွန်းတယ်….
အားပေးနေတယ်…..။

commentinfo By: ကေသရီ at Jun 4, 2011
Comment #2

အားပေးသွားပါတယ်ဗျာ…..

commentinfo By: moehtetaung18 at Jun 4, 2011
Comment #3

အတိတ်တွေထဲ ပြောင်းပြန်..ခြေလှမ်း
အထီးကျန်ခြင်း အမိုးကာများနဲ့
………….

ကျွန်ုပ်….အိပ်မက်အသေတွေ….၀ယ်လိုက်..စု လိုက်
……….မျှော်လင့်ချက် အပဲ့အကြွေများ….ဆက်လိုက်..တပ်လိုက်
အနာဂတ်များစွာ..သဂြိုလ်….
အရိပ်တွေထဲ…ပိတ်လှောင် နေခဲ့……
……………………………………

စကားလုံးတွေ အတော်အားကောင်းတယ်ခင်ဗျ

commentinfo By: SimpleSimplest at Jun 4, 2011
Comment #4

ဘယ်လိုစကားနဲ့ နှစ်သိမ့်ပေးရမှန်း
မသိတော့လောက်အောင်
အရမ်းခံစားရပါတယ်…… :'(
အမြဲအားပေးနေပါ့မယ်….။

commentinfo By: terry at Jun 4, 2011
Comment #5

အတိတ်မှာသာနေထိုင်……….
မနက်ဖြန်များ ပျောက်ဆုံး…….ခဲ့ပြီဖြစ်သော
ကျွန်ုပ်ထံသို့………
…………….အခုအခါတွင်………..
သင်………………ပြန်လာဖို့…………………(မတောင်းဆို) မလိုအပ်တော့ပါ။

မင်း…………………………..မသုံးသတ်ပါနဲ့ အဆုံးအဖြတ်ဆိုတာ ရင်ဘတ်နဲ့ဆိုင်တယ်။

ကြိုက်ပါ၏

commentinfo By: efgh at Jun 5, 2011
Comment #6

မမိုး…..အ၇မ်းကောင်းတယ်ဗျာ…
ထပ်တူခံစားပြီးအားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 5, 2011
Comment #7

အားပေးတဲ့သူငယ်ချင်းများအားလုံး ကျေးဇူးအများကြီးတင်ပါတယ်…နော်

commentinfo By: အသဲကွဲမိုး at Jun 6, 2011
Comment #8

မမ ကို အားပေးပါတယ်

Comment #9

သင် ….
ကျွန်ုပ်အနား…မရှိတော့မှန်း
……………..သေချာသွားသည့်နေ့မှစ
အရင်ကတည်းက..
အပြာရောင်သန်းတဲ့ကောင်းကင်..အခုတော့
မော့မော့ကြည့်မိတိုင်း
အရင်ကဲ့သို့..ကြည်ပြာရောင်မမြင်…..
အထီးကျန်မှုတွေသာ….မြင်လို့…
ကိုယ့်`ကောင်းကင်မှာ မလင်းချင်တဲ့ ကြယ်လေးအတွက်
အသိတရားတို့…..ထုံထိုင်း…………။

တပုဒ်လုံးကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ ဒီအပိုဒ်လေးတော့ အတော် သဘောကျမိတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကောင်းကင်မှာ ကြယ်လေးသာ လင်းမယ်ဆိုရင် ကျွန်တော့် နေ့သစ်အားလုံးကို ညနက်ခိုင်းမိမယ်ဗျာ။ သေချာဖတ်ရှု ခံစားသွားပါတယ်။
ချီရွန် ( ပုလဲ )

commentinfo By: chiron at Mar 13, 2012
Comment #10

arr pay twar par d,,ma moe yae,

commentinfo By: ei lay at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment