Professional Authors

သူရူးတယောက်ရဲ့…အတိတ်လက်ကျန်

ဘယ်တော့မှ ပြန်မသိနိုင်တော့မယ့်
အလွမ်းတချို့ကိုရင်ဝယ်ပိုက်
ခပ်မိုက်မိုက် ရိုင်းပြလို့
မလွမ်းစတိုင်တွေ ဖမ်း
ဖုန်းနံပါတ်တွေ မနှိပ်ခဲ့ပေမယ့်
ဘယ်လိုမှ ပြန်အစားမရနိုင်တဲ့သတိရခြင်းမျိုးနဲ့………………..လွမ်းတယ် ။

 တချို့က…လွမ်းလို့ဆိုကာ …ငို
တချို့က…လွမ်း.လို့ တွေး…ဆွေး
တချို့က…လွမ်းသူ့ကာရံခြွေ…ကဗျာတွေရေး
တချို့…တချို့က လွမ်းလို့တဲ့..စာတွေရေးတယ်
…………………
ဒါပေမယ့်………
ဖြေဆေးကင်းတဲ့ ဒီအလွမ်းနာမှာ
ချစ်တဲ့သူရဲ့…အမုန်းတွေရခဲ့တာမို့
ကိုယ့်အတွက် ဒဏ်ရာပို………….နက်တယ်။

 
မပြောပြခဲ့တိုင်းသာ…မေ့နေခဲ့ရင်
မစိုတဲ့မျက်ဝန်းတိုင်း အလွမ်းကင်းခဲ့ရင်
မလျှောက်တဲ့ခြေလှမ်းတိုင်း……မရောက်ခဲ့ရင်
……………….
ဒီလောကထဲ…မရှိတဲ့ နေ..ထွန်းတောက်မှာမဟုတ်
မမြင်ရတဲ့ သံယောဇဉ်..ခိုင်ခဲ့မှာ မဟုတ်ပါဘူး
……………………..။

 မနေ့က…လမ်းမထက်မှာ
အရူးတယောက် ဂစ်တာတလက်စွဲလို့………
ဘယ်ဆီကိုရောက်ရောက်သီချင်းလေးဆိုနေတာကြားရတယ်

မနေ့က….ကောင်းကင်ထက်မှာ
တကောင်ထဲ ဟိုရောက်ဒီရောက်ပျံသန်းနေတဲ့ ဌက်လေးတကောင် တွေ့တယ်

မနေ့က………..လမ်းပျောက်နေတာကြာလို့…..လမ်းမလျှောက်ဖြစ်ခဲ့တဲ့ ကောင်မလေးတယောက်ကို
မှန်ထဲမှာ..မြင်ရတယ်…………………..

မနေ့က….မနေ့က
.ဒီနေ့အတွက်………တွေးလို့ အပြုံးတ၀က်နဲ့ မျက်ရည်တစက်ကျတယ်။

 ဖွင့်မချရဲတဲ့အတိတ်မှာ……နောင်တတွေ
ငိုလို့မနိုင်တဲ့စိတ်မှာ….နာကျဉ်းခြင်းတွေ
မကမ်းတော့တဲ့လက်တစုံမှာ
မျှော်လင့်ချက်အကျိုးအကြေတွေနဲ့……….
ကိုယ်……အသက် ဆက်ရတာ…….နာကျင်လွန်းပြီ
……………………………
ပြန်လှမ်းလာဖို့…..မပြောတော့ပါဘူး
လွမ်းနေမလားလည်း..မတွေးတော့ဘူး
…………………….
 တကယ်လို့များ
အလွမ်းဖိစီး..အနာဂတ်ပျက်သူ
……………………………….
……အရူးတယောက်အတွက်………
နောက်ဆုံးဆုတောင်းတခုရှိခဲ့မယ်ဆို
လွန်ခဲ့သော…..
….နှစ်ပေါင်းများစွာမှာ….
…………………ကျ…….
………………………….ကျန်ခဲ့သူဖြစ်ပါရစေ။

(လွမ်;ရတာ…….နွမ်းကြေခဲ့ပြီ)

In: ကဗျာ Posted By: Date: Jun 2, 2011
Comment #1

ဖွင့်မချရဲတဲ့အတိတ်မှာ……နောင်တတွေ
ငိုလို့မနိုင်တဲ့စိတ်မှာ….နာကျဉ်းခြင်းတွေ
မကမ်းတော့တဲ့လက်တစုံမှာ
မျှော်လင့်ချက်အကျိုးအကြေတွေနဲ့……….
ကိုယ်……အသက် ဆက်ရတာ…….နာကျင်လွန်းပြီ
…. အားပေးသွားပါတယ် .. အသဲကွဲမိုးရဲ့ ကဗျာတိုင်းကိုကြိုက်တယ် … fb မှာလက်ခံပေးတဲ့အတွက် ကျေးဇူး 🙂 …

commentinfo By: rabbit at Jun 3, 2011
Comment #2

မနေ့က………..လမ်းပျောက်နေတာကြာလို့…..လမ်းမလျှောက်ဖြစ်ခဲ့တဲ့ ကောင်မလေးတယောက်ကို
မှန်ထဲမှာ..မြင်ရတယ်…………………..
မိုး ကဗျာတွေက အရမ်းထိနေတယ်…..။
အရမ်းကောင်းတယ် မိုးရေ……
အားပေးနေတယ်….။ ။

commentinfo By: အလွမ်း at Jun 3, 2011
Comment #3

……အရူးတယောက်အတွက်………
နောက်ဆုံးဆုတောင်းတခုရှိခဲ့မယ်ဆို
လွန်ခဲ့သော…..
….နှစ်ပေါင်းများစွာမှာ….
…………………ကျ…….
………………………….ကျန်ခဲ့သူဖြစ်ပါရစေ။

commentinfo By: poem.poem28 at Jun 3, 2011
Comment #4

……အရူးတယောက်အတွက်………
နောက်ဆုံးဆုတောင်းတခုရှိခဲ့မယ်ဆို
လွန်ခဲ့သော…..
….နှစ်ပေါင်းများစွာမှာ….
…………………ကျ…….
………………………….ကျန်ခဲ့သူဖြစ်ပါရစေ။
မမိုး…အားပေးသွားပါတယ်

commentinfo By: poem.poem28 at Jun 3, 2011
Comment #5

တချို့က…လွမ်းလို့ဆိုကာ …ငို
တချို့က…လွမ်း.လို့ တွေး…ဆွေး
တချို့က…လွမ်းသူ့ကာရံခြွေ…ကဗျာတွေရေး
တချို့…တချို့က လွမ်းလို့တဲ့..စာတွေရေးတယ်
…………………
ဒါပေမယ့်………
ဖြေဆေးကင်းတဲ့ ဒီအလွမ်းနာမှာ
ချစ်တဲ့သူရဲ့…အမုန်းတွေရခဲ့တာမို့
ကိုယ့်အတွက် ဒဏ်ရာပို………….နက်တယ်။
မမိုးစားသားလေးထိတယ်။
အားပေးသွားတယ်နော်….

commentinfo By: Ye htoo aung at Jun 3, 2011
Comment #6

တကယ်လို့များ
အလွမ်းဖိစီး..အနာဂတ်ပျက်သူ
……………………………….
……အရူးတယောက်အတွက်………
နောက်ဆုံးဆုတောင်းတခုရှိခဲ့မယ်ဆို
လွန်ခဲ့သော…..
….နှစ်ပေါင်းများစွာမှာ….
…………………ကျ…….
………………………….ကျန်ခဲ့သူဖြစ်ပါရစေ။

(လွမ်;ရတာ…….နွမ်းကြေခဲ့ပြီ)

အရမ်းကောင်းပါတယ် ။
အားပေးသွားတယ် ကို အသဲကွဲမိုးရေ……..။ ။

Comment #7

အမ်…..မိန်းခလေးပါနော်…….
(ဘ၀ တော့ပြောင်းပါပြီ)

commentinfo By: အသဲကွဲမိုး at Jun 3, 2011
Comment #8

သိမှမသိတာပဲ နော် ။
နားလည်ပြီးမှ ခွင်ံလွတ်ပေးပါ………။ ။
မမ အသဲကွဲမိုး..။
အခေါ်ဝေါ် မှားယုံလောက်နဲ့တော့ ဘဝမပျက်လောက်ဘူးထင်ပါရဲ့…………..။ ။

Comment #9

အမ်..ဘ၀ ပျက်တာ လို့မပြောဘူးနော်…ဘ၀ပြောင်းတယ်လို့ပြောတာ
မှားတာက တော့ မှားနေကြပါပဲ
စိတ်လည်းမဆိုးဘူး အခင်အမင်လည်းမပျက်ပါဘူး..။ ..အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Jun 3, 2011
Comment #10

ဆက်ပြီးအားပေးမှာပါ မမ အသဲကွဲမိုး…….။
ကျွန်တော့်ကိုလည်းအားပေးပါ……………။

Comment #11

အလွမ်း အလွမ်း အလွမ်း တော်တော်ဆိုးတယ်

commentinfo By: Nyo Linn Thit at Jun 3, 2011
Comment #12

အလွမ်း အလွမ်း အလွမ်း တော်တော်ဆိုးတယ်

commentinfo By: Nyo Linn Thit at Jun 3, 2011
Comment #13

သဘောကျ မိပါတယ်

commentinfo By: SimpleSimplest at Jun 3, 2011
Comment #14

ကျေးဇူးတင်ပါတယ်..နော်

commentinfo By: အသဲကွဲမိုး at Jun 3, 2011
Comment #15

တချို့က…လွမ်းလို့ဆိုကာ …ငို
တချို့က…လွမ်း.လို့ တွေး…ဆွေး
တချို့က…လွမ်းသူ့ကာရံခြွေ…ကဗျာတွေရေး
တချို့…တချို့က လွမ်းလို့တဲ့..စာတွေရေးတယ်
…………………
ဒါပေမယ့်………
ဖြေဆေးကင်းတဲ့ ဒီအလွမ်းနာမှာ
ချစ်တဲ့သူရဲ့…အမုန်းတွေရခဲ့တာမို့
ကိုယ့်အတွက် ဒဏ်ရာပို………….နက်တယ်….

အားပေးနေပါတယ်…………………………………….

commentinfo By: terry at Jun 4, 2011
Comment #16

အားပါးပါး မိုက်ရယ် မိုက်ရယ် ရမ်းကြိုက်တရ်…

commentinfo By: Thu Lay at Jun 20, 2011
Comment #17

ဘယ်တော့မှ ပြန်မသိနိုင်တော့မယ့်
အလွမ်းတချို့ကိုရင်ဝယ်ပိုက်
ခပ်မိုက်မိုက် ရိုင်းပြလို့
မလွမ်းစတိုင်တွေ ဖမ်း
ဖုန်းနံပါတ်တွေ မနှိပ်ခဲ့ပေမယ့်
ဘယ်လိုမှ ပြန်အစားမရနိုင်တဲ့သတိရခြင်းမျိုးနဲ့………………..လွမ်းတယ် ။

တချို့က…လွမ်းလို့ဆိုကာ …ငို
တချို့က…လွမ်း.လို့ တွေး…ဆွေး
တချို့က…လွမ်းသူ့ကာရံခြွေ…ကဗျာတွေရေး
တချို့…တချို့က လွမ်းလို့တဲ့..စာတွေရေးတယ်
…………………
ဒါပေမယ့်………
ဖြေဆေးကင်းတဲ့ ဒီအလွမ်းနာမှာ
ချစ်တဲ့သူရဲ့…အမုန်းတွေရခဲ့တာမို့
ကိုယ့်အတွက် ဒဏ်ရာပို………….နက်တယ်။

မပြောပြခဲ့တိုင်းသာ…မေ့နေခဲ့ရင်
မစိုတဲ့မျက်ဝန်းတိုင်း အလွမ်းကင်းခဲ့ရင်
မလျှောက်တဲ့ခြေလှမ်းတိုင်း……မရောက်ခဲ့ရင်
……………….
ဒီလောကထဲ…မရှိတဲ့ နေ..ထွန်းတောက်မှာမဟုတ်
မမြင်ရတဲ့ သံယောဇဉ်..ခိုင်ခဲ့မှာ မဟုတ်ပါဘူး
……………………..။

မနေ့က…လမ်းမထက်မှာ
အရူးတယောက် ဂစ်တာတလက်စွဲလို့………
ဘယ်ဆီကိုရောက်ရောက်သီချင်းလေးဆိုနေတာကြားရတယ်

မနေ့က….ကောင်းကင်ထက်မှာ
တကောင်ထဲ ဟိုရောက်ဒီရောက်ပျံသန်းနေတဲ့ ဌက်လေးတကောင် တွေ့တယ်

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment