Professional Authors

ဝင်သက် ထွက်သက်မမျှတဲ့ ရင်ခတ်သံ (နတ်သမီး)

 

မြိ့ပြရဲ့ အငွေ့အသက်တွေနဲ့

 

ကြီးပြင်းခဲ့တဲ့ ငါ့အတွက်


ဖြူစင်မှု့ကို မကြာခဏ


အရည်ကျိုသောက်ပြီး


ဖြစ်စဉ်နဲ့ လိုအင်တွေ


တထပ်တည်းကျရဲ့လားလို့


ငါ့ရင်ဘတ်ထဲ ငုံငုံကြည့်တာ


ခုထိ စာမျက်နှာက ဗလာပါပဲလား


ကျောသပ်ရင်သပ်


ချစ်ချင်ယောင်ဆောင်ပြီး


နောက်ကျောဓားနဲ့ ထိုးမဲ့


ပညာတက် လူယဉ်ကျေးတွေ


ခေတ်နောက်ကိုပြန်မှာလား


ခတ်ရှေ့ကိုပြေးမှာလား


ဘာမှန်းညာမှန်းမသိတဲ့


ဟိုမရောက် ဒီမရောက်တွေ


ဟန်ဆောင်ယဉ်ကျေးမှု့တွေ


အတုအယောင် မျက်နှာတွေနဲ့


အပြုံးတုရဲ့မြို့တော်ကို


ငါမစွန့်နိုင်သေးသ


ငါ့ရင်ဘတ်ခတ်သံက


ငါ့အတ္တကို တွန်းလှန်နေအုံးမှာပါ***

 

04:30 PM

နတ်သမီး  

In: ကဗျာ Posted By: Date: Jun 2, 2011
Comment #1

အားပေးသွားတယ် နတ်သမီးရေ ……………………

Leave Comments

Name*

Email*
Website
Email me whenever there is new comment