Professional Authors

အသည်းကွဲခြင်း

ဘာမှန်းညာမှန်းမသိဘဲ
အသည်းခွဲခံရပြီး
နှလုံးသားကဟက်တက်ကွဲရတော့
လူကအူကြောင်ကြားကိုဖြစ်လို့
ပထမဦးဆုံးအချစ်မို့
အလူးအလဲခံစားရတာတော့မှန်ပါတယ်
ဒါပေမယ့်
အမှန်တော့နင့်အပြစ်တော့မဟုတ်ပါဘူး
အယုံလွယ်တာကိုကငါ့အမှားလေ
အခုမှတော့ပြန်မပြင်ချင်တော့ပါဘူး
အသည်းကွဲတဲ့အရသာကိုသိသွားတာက
ငါ့အတွက်
အမြတ်ပေါ့။

In: ကဗျာ Posted By: Date: Jan 9, 2011
Comment #1

စုနိုင်.. အားပေးနေပါတယ် ကဗျာလေးက ကောင်းတယ်။
အခုမှတော့ပြန်မပြင်ချင်တော့ပါဘူး
အသည်းကွဲတဲ့အရသာကိုသိသွားတာက
ငါ့အတွက်
အမြတ်ပေါ့။

commentinfo By: genius.jinx28 at Jan 9, 2011
Comment #2

အတွေ့အကြုံတစ်ခုရသွားတာပေါ့…. အားပေးသွားတယ်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment