Professional Authors

ကလောင်အမြည်း

အမောဆို့ ရင်ညွှန့်မှာ

စေ့ဆော်ချက် တစ်စုံတစ်ရာ

ချိန်သားကိုက် မလှိုက်စားဖို့

နှလုံးသား အခိုက်ဓာတ်လေးအား

ချုံ့၊ ချဲ့၊ ဖြတ်၊ တောက်

အရောင်ဖျောက်စေလိုက်တယ်

ကျေးဇူးပါ မိတ်ဆွေ

တစ်ကယ်တော့ မိဿဟာ

မှင်၊ စာရွက်၊ စာလုံးတွေနဲ့

စိတ်အဖု၊ အဖောင်း အတက်၊ အကျကြား

ခံစားချက် အပ်ထည်အဖြစ်

ကဗျာကို ထုတ်ကုန်မလုပ်သေးဘူး

နက်ရှိုင်းစူးရှမှုနဲ့ ရောင့်ရဲတတ်ဖို့

စိတ်မနော အကြည်ဓာတ်

လေးနက် ပေါ့ပါးရေးသာ

စု၊ တု၊ ပြု သိုမှီးရင်း

ကိုယ့်ကိုယ်ကို အစာသွပ်နေဆဲပါ 

သဘောတရားတွေထဲ ဘ၀င်လေဟပ်

စိတ်ကူးဆန့်ထွင်မှု ဖော်မလင်နံ့သင်းသင်းမှာ

သေငင်ဇောနဲ့ ဆွဲမိဆွဲရာ

ကောက်ရိုးတစ်မျှင်စာလောက်ပဲ

ကဗျာရေးဖို့ အားထုတ်သူမဟုတ်သေးဘူး

ဓမ္မန္တရာယ် Side Effect တွေကြောင့်

အော်ဂလီဆန်တတ်တိုင်း

မုန်းသူ၊ ချစ်သူ ပွက်ပွက်ဆူခဲ့တာ

ကဗျာထဲက

ဖွတ်ဥ နဲ့ ဆား တွဲမစားမိခဲ့လို့ပါ 

အသက်ကြီးမှ ကျည်ပွေ့အတက်ပေါက်တဲ့

ဘိုးတော် ဦးဝိုင်းလိုတော့

ကဗျာကို အတက်ထွက်ဖို့

Installation Art မလုပ်ဖူးသေးဘူး

ကိုယ်ကြိုက်တဲ့ အစားကောင်းလေး

အမြည်းကျွေးဖို့ သက်သက်

ကဗျာကို တင်ဆက်နေရုံနဲ့

“53*” မှာရောင့်ရဲနေတတ်သူပါ

အခုတော့ မိတ်ဆွေကျေးဇူးနဲ့

ကျွန်မဆိုတဲ့ “မိဿ”

ကလောင်တစ်ချောင်း ဘ၀သစ်ပြန်စဖို့

ရေမြောင်းပေါ် တံတားထိုးပေးတဲ့

Performance Art တစ်ရပ်အဖြစ်

စီစဉ်တင်ဆက်သွားပုံအား

ကျေးဇူးတင် မဆုံးခဲ့ပါ

ထိုဟာသဥာဏ် ရွေးလျားမှုအတွက်

တုံ့ပြန်ကျေးဇူး ဆပ်ဖူးချင်၍

ကိုယ်နဲ့တော်၏ တန်၏ မသိသော

ကလောင်တစ်ချောင်း ပြန်ဆွဲယူဖို့

“53” သို့ အချိန်မတိုင်မီ ရောက်လာသူ

“မိဿ” သာဖြစ်နေဆဲ

မိတ်ဆွေ အတွက်

ပေါင်မုန့် မဖုတ်တတ်လို့

အစာအိမ်ကို တာဝန်မယူနိုင်ပေမယ့်

နှလုံးသား နံရံအတွက်

ထာဝရ လတ်ဆတ်နိုးကြားမယ့်

အာဟာရတွေ ဖန်ဆင်းခွင့်နဲ့တော့

ချစ်ရသူကို

စိတ်လိုလက်ရ ပေါင်းသင်းနေမိဦးမှာပါ

53* = http://www.fivethreeworld.net

In: ကဗျာ Posted By: Date: Mar 11, 2011
Comment #1

မင်းသမီး လေး အားပေးနေတယ်

commentinfo By: genius.jinx28 at Mar 11, 2011
Comment #2

ဖတ်သွားပါတယ်။
………………..

commentinfo By: မင်းလူန at Mar 11, 2011
Comment #3

အားပေးသွားတ.် အ၀ါရောင်နဲ့ ဆိုတော ဖတ်ရတာ ပိုအာရုံစိုက်ရတယ်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment