Professional Authors

ပဲ့တင်သံများ ………..ဝေးဝေး

ချစ်(ရ)သူက . ..

အငြိုးကြီးစွာ . . .ရက်စက်ခဲ့မှ

လက်နှစ်ဘက်ဆန့်ပြီး

ပျော်ရွှင်စွာ အပြေးလှမ်း

ဥပက္ခာပြုခံရတာထက်

ပျော်ပါတယ်. . .။

 

ချစ်(ရ)သူက . .. .

ပစ်ပါယ်ထားရင်တောင်. . .

မုန်းတဲ့ စကားလေး

ကြားရရင်တောင် နားဝင်ချို

ဆိုးရွားတဲ့ မှတ်ချက်နဲ့

မင်းစိတ်မှာ ငါရှိတယ် အသိ

ကြည်နူးမိတယ်. .။

 

ချစ်(ရ)သူက . ..

နာကျင်ရွံမုန်း စက်ဆုပ်စွာကြည့်ခိုက်

(ငါ့ကို မင်းတွေ့တယ်)

ရင်ခွင်မှာ ဗြောင်းဆန်

ပြုံးပြမိတယ်..။

 

ဆုံဆည်းဖို့ အလှမ်းဝေး

တန်ပြန်မှုတိုင်း . . . ပဲ့တင်သံမဲ့တဲ့

ရင်ခွင်နံရံများကြား .. .

အဝေးချစ်တစ်ခုနဲ့

……………..ဘာမဆို ပေးဆပ်

…………………………..

ငါ့ကို မင်းကြိုက်သလိုသာ .. .

နှိပ်စက်လိုက်ပါတော့  .. . ။ 

ရှင်းသန့်ဖြူ

25.1.2011

3:40pm

In: ကဗျာ Posted By: Date: Jun 1, 2011
Comment #1

ခံစားချက်လေးတွေ အ၇မ်းကောင်းပါတယ်
အားပေးသွားပါတယ်

commentinfo By: poem.poem28 at Jun 2, 2011
Comment #2

🙂 thankz

commentinfo By: Shin Thant Phyu at Jun 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment