Professional Authors

အဖြူရောင်ကိုယ်ကြပ်အင်္ကျီ

အဖြူရောင်ကိုယ်ကြပ်အင်္ကျီတစ်ထည်
မေမေ့ဆီကအမွေရခဲ့တော့

ဘဝတစ်လျှောက်
သူတို့အပြစ်တင်အကြည့်တွေငါ့ကိုယ်ပေါ်မရောက်
ငါ့ဘာသာငါကိုယ်တိုင်တောင်
အဖြူဖွေးဖွေးလို့ကိုယ့်ကိုယ်ကိုယ်ယုံကြည်စွာမကြာခဏပြောမိ

ဖုံးကွယ်ထားတာမဟုတ်
မမြင်ရရုံ
ဖွင့်လှစ်ကြည့်ဖို့ကိုယ့်ကိုယ်မသေချာမဝံ့ရဲရုံပါ
မလိုအပ်ပဲ
ကိုယ့်ကမ္ဘာကိုဘယ်သူမွှေနှောက်ပြောင်းဆန်စေဝံ့လိမ့်?

အဖြူရောင်ကိုယ်ကြပ်အင်္ကျီကို
နေ့ညမချွတ်တမ်းဝတ်ဆင်ထားဖို့
မသိတတ်ခင်ကတည်းကအကျင့်ရခဲ့တယ်

မသိတတ်ခင်ကတည်းကအကျင့်ရခဲ့တယ်
အဖြူရောင်ကိုယ်ကြပ်အင်္ကျီကို
နေ့ညမချွတ်တမ်းဝတ်ဆင်ထားဖို့

အဖြူရောင်ကိုယ်ကြပ်အင်္ကျီကို
ဝတ်ဆင်ထားဖို့နေ့ညမချွတ်တမ်း
မသိတတ်ခင်ကတည်းကအကျင့်ရခဲ့တယ်

သင်ရော??

ဩမြိုင်

In: ကဗျာ Posted By: Date: Jun 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment