Professional Authors

တန်ဖိုးမဲ့ခဲ့သော … . .ဆောက်ကျိုးနဲ . . .ငါ

ငါ့ဘက်က  

တည်မြဲခြင်းအတွက်

သစ္စာနဲ့ရင်း

ရင်ခွင်တံခါးကိုပိတ်လို့ . . . . .။

 

ငါ့ဘက်က . .

မျှော်လင့်ချက်တွေအသက်ရှင်ဖို့

ပေးဆပ်ခြင်းကို ရက်ရောစွာ

အသုံးချလို့ . .။

 

နင့်အတွက်ဆို

အမြဲ . . ငါ

ဖြစ်ခဲ့တော့. .

ဗုံးပေါလအော အချစ်တွေက

အဖိုးမတန်ခဲ့ဘူးပေါ့ . .။

 

ရင်ခွင်တံခါးပိတ်ထားဆဲပါ။

 

နင့်လိုအပ်တိုင်း အဆင်သင့် ဖြစ်ချင်ဆဲ . . ငါ။

 

နာကျင်ရမယ်ဆိုရင်တောင်မှ

နင်ရှိနေခဲ့ဖူးတဲ့

အတိတ်ဆီမှာ

အိပ်မက်မက်နေခဲ့သူပါ. . ။

 

 ရှင်းသန့်ဖြူ

In: ကဗျာ Posted By: Date: May 30, 2011
Comment #1

ကောင်းတယ်….အမ ..အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at May 31, 2011
Comment #2

နင့်အတွက်ဆို

အမြဲ . . ငါ

ဖြစ်ခဲ့တော့. .

ဗုံးပေါလအော အချစ်တွေက

အဖိုးမတန်ခဲ့ဘူးပေါ့ . .။

ကဗျာလေးအရမ်းကောင်းပါတယ် အစ်မ 🙂

commentinfo By: loafer at Apr 7, 2013
Comment #3

Kwat ti be.

commentinfo By: ei lay at Apr 7, 2013
Comment #4

ကဗျာကစကားလုံးတွေက နာကျင်ပေမယ့် Drama Series က Cut တစ် Cut လို ကဗျာက အသက်ဝင်လွန်းတယ် ~~

With respect,
RAY

commentinfo By: X - ray at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment