Professional Authors

အလင်းရောင်ပါတဲ့ ခြေသံ ( လူမော်ငြိမ်း )


ဘဝသည် အရေအတွက်အားဖြင့် နာရီပေါင်း ၃၅ဝဝဝ သာ ကြာ၏ ။

တိတ်ဆိတ်စွာ ကြွေကျသော ကြယ်တို့မှာ မရေမတွက်နိုင် ။

စီးဆင်းသော ရေရှင်ထက် တည်ငြိမ်သော ရေပြင်သည် ပုပ်လွယ် သိုးလွယ်၏ ။
လိုအပ်သော အတွေးအကြံ ၊ အပြုအမှုတို့မှာ ဤသို့သာ ။

သိမ်နုပ် ညံ့ဖျင်းသော စိတ်ဓာတ်တို့ကို ခွင့်လွှတ်ခြင်းဖြင့် အောင်နိုင်ရာ၏ ။
ထိတွေ့ဆက်ဆံမှု အလုံးစုံကို မေတ္တာဖြင့် စ စေ ၊ ပြီး စေမည် ။

ငါ၏ ( တစ်ချိန်က ) လေး နှင့် မြား ကို ( ယခု ) အပြီးတိုင် ရိုက်ချိုး လိုက်ချင်သည် ။
လိုနေသည်မှာ ဓမ္မတေးသံကို လွှင့်၍ ပန်း တို့ကို ရင်၌  ပွင့်စေရန် ။

လူမော်ငြိမ်း
Saturday , May 28 , 2011

In: ကဗျာ Posted By: Date: May 28, 2011
Comment #1

ဖတ်ရတာ အတွေးတစ်ခု ရသွားတယ်
ကျေးဇူး….

commentinfo By: ငယ်လေး at May 29, 2011
Comment #2

စီးဆင်းသော ရေရှင်ထက် တည်ငြိမ်သော ရေပြင်သည် ပုပ်လွယ် သိုးလွယ်၏ ။
လိုအပ်သော အတွေးအကြံ ၊ အပြုအမှုတို့မှာ ဤသို့သာ ။

ွGOOD!

commentinfo By: Nayihtet at May 29, 2011
Comment #3

မ ငယ်လေး နဲ့ ကို နရီထက် တို့ရဲ့ အချိန်ပေး
ဖတ်ရှု ဝေဖန်မှု အတွက် ကျေးဇူးတင်ပါတယ် ။

Comment #4

လိုနေတဲ့ဓမ္မပန်း ရင်မှာပွင့်လန်းနိုင်ပါစေ ကိုလူမော်ငြိမ်းရေ

commentinfo By: မိုးသစ်လေပြေ at May 29, 2011
Comment #5

တစ်ပုဒ်လုံးကြိုက်တယ်.. LIKE
ကျမ ..မဖတ်ဖြစ်သေးတဲ့ ကိုလူမော်ငြိမ်းကဗျာတွေ အများကြီးပါလား 🙁

commentinfo By: ရွှေငါး at May 30, 2011
Comment #6

ဟုတ်ကဲ့ပါ ခင်ဗျာ …
ကို မိုးသစ်လေပြေရဲ့ စေတနာတွေ
ကျွန်တော့် ဘဝမှာ လွှမ်းခြုံပါစေ ။

Comment #7

သတိပြုမိတာ
ကျေးဇူးတင်ပါတယ် … မ ရွှေငါး ရေ ။
ကျွန်တော်လည်း
မရွှေငါးရဲ့ အရေးအသားတွေကို
စောင့်မျှော် လျက်ပါ ။

Comment #8

အရမ်းကြိုက်တယ်ကိုလူမော်.။ FB ကိုမသွားပါတယ်..။

commentinfo By: lyer at Jul 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment